Sunday, July 26, 2015

မကွေးတိုင်းဒေသကြီး ချောက်မြိုနယ် အနော်ရထားတံတားထိပ်ရှိစည်ပင်သာယာပန်းခြံတွင် ယနေ့နံနက်(၀၈း၀၀)နာရီအချိန် ကျင်းပရာဗိုလ်ချုပ်ရာပြည့်ဖြစ်မြောက်ရေး ကော်မတီဒုဥက္ကဌဦကျော်ဝင်း Denkoစက်သုံးဆီ အရောင်ဆိုင် တာဝန်ခံ ဦးမြဝင်းအောင် မြိုမိမြိုဖဖြစ်သူ ဒေါ်စန်းမြင့် မြန်မ့ာရှေ့ဆောင်ဘဏ် မန်နေဂျာ ဒေါ်သူဇာဆွေတို့မှဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။      ၄င်းနောက်တက်ရောက်လာကြသူများမှ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီး များကို အောက်မေ့အမှတ်တရဂုဏ်ပြုသောအား ဖြင့်(၁)မီနစ်ငြိမ်သက်၍ဂုဏ်ပြုခဲ့ကြသည်။် ဆက်လက်၍အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီးလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှပေးပို့လာ သောရာပြည့်သဝဏ်လွှာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ချောက်မြို့နယ် အလုပ်အမှု ဆောင်ဒေါက်တာမောင်မောင်ကျော်မှဖတ်ကြားခြင်း  ဗိုလ်ချုပ်ကြေးရုပ်ဖြစ်မြောက်ရေး ဥက္ကဌ  ဦးဝင်းမောင်က ဗိုလ်ချုပ်အောင်ဆန်း ကြေးသွန်းရုပ်ထုဖြစ်ပေါ်လာပုံနှင့် ဆောင်ရွက်ခဲ့သည့်များကိုရှင်းလင်းခြင်း  ချောက်မြို့ Denkoစက်သုံးဆီ အရောင်းဆိုင် တာဝန်ခံ ဦးမြဝင်းအောင်က ဝမ်းမြောက် ကြောင်း ပြောကြားခြင်း  ဗိုလ်ချုပ်ရာပြည့် ကော်မတီဥက္ကဌ ဦးမြင့်ဆွေမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်းနှင့် ဗိုလ်ချုပ်ကြေးရုပ်ထု ဖြစ်မြောက်ရေး အတွက်ပါဝင်လှုဒါန်းခဲ့ကြသည့်အလှုရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ကို တာဝန်ရှိသူများ ကအသီးသီးပေးအပ်ခဲ့ကြောင်းသိရှိရသည်။                 ဗိုလ်ချုပ်ကြေးရုပ်ထုဖွင့်ပွဲ အခမ်းအနားကို ကျောက်ဆည်ဆင်အကများ တီးဝိုင်းများဖြင့်သီဆိုဖျော်ဖြေပေးခြင်း နှင့် ဌာနဆိုင်ရာများ မြို့မိမြို့ဖပြည်သူများ စုစုပေါင်းအင်းအား(၃၀၀)ဦးခန့်တက်ရောက် ခဲ့ကြောင်းသိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video