Thursday, July 16, 2015

ချောက်        ဇူလိုင်     ၁၆    ရက်

    မကွေးတိုင်းဒေသကြီး ၊ချောက်မြို့နယ် ၊ ကျေးရွာမြေများ မြေငှားဂရန်ထုတ်ပေးနိုင်ရေး ၊ စီစစ်ရွေးချယ်ထားသည့် လက်ပံကျွန်းကျေးရွာအုပ်စု ၊ လက်ပံကျွန်းရွာသစ်ကျေးရွာသို့ ကျေးရွာမြေများ ၊ မြေငှားဂရန်ထုတ်ပေးနိုင်ရေး မြို့နယ်အဆင့်အထူးလုပ်ငန်းအဖွဲ့ဥက္ကဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သက်  နှင့်အဖွဲ့တို့သည် ယမန်နေ့ နံနက် (၀၉း၀၀)နာရီ အချိန်ကတွေ့ဆုံခဲ့ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၊ကျေးရွာအုပ်စုအထောက်အကူပြု ဥက္ကဌ ၊ ကျေးရွာသူ/ကျေးရွာသား စုစုပေါင်းအင်အား (၃၀)ဦးခန့် တက်ရောက်ခဲ့သည်။
    ၎င်းနောက် မြို့နယ်အဆင့်အထူးလုပ်ငန်းအဖွဲ့ ဥက္ကဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သက် မှ နိုင်ငံတော်အဆင့် ၊ တိုင်းဒေသကြီးအဆင့် ၊ ခရိုင်အဆင့် ၊ မြို့နယ်အဆင့် ကျေးရွာမြေများ မြေငှားဂရန် ထုတ်ပေးနိုင်ရေး အထူးလုပ်ငန်းအဖွဲ့ ဖွဲ့စည်းထားမှုအခြေအနေများအား ချပြရှင်းလင်းပြီးနောက် အထူးလုပ်ငန်းအဖွဲ့ဒုဥက္ကဌ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ၊မြို့နယ်ဦးစီးမှူး ဦးသက်နိုင်ထွန်း မှလည်း (၂၇-၇-၂၀၁၅)ရက်နေ့တွင် တိုင်းတာရေးစက်ကိရိယာရရှိမည်ဖြစ်၍ ကြိုတင်ပြင်ဆင်မှုအနေဖြင့် မှန်ပြောင်းတိုင်းတာမည့် လမ်းကြောင်းအားကွင်းဆင်းကြည့်ရှုမည်ဖြစ်ရာ မြင်ကွင်းမရှင်းသည့်နေရာများရှိပါက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၊ ရပ်မိရပ်ဖများမှ ကူညီရှင်းလင်းဖယ်ရှာ ဆောင်ရွက်ပေးစေလိုကြောင်းစသည့်များဆွေးနွေးခဲ့ပြီး အဆိုပါအဖွဲ့သည် မှန်ပြောင်းတိုင်းတာမည့် လမ်းကြောင်းအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
                                                      

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video