Friday, July 3, 2015
11:41 AM
မကွေးသတင်းစုံ
NEWS, Regional News
No comments
နတ်မောက် ဇူလိုင်၂
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့သည်နတ်မောက်-တောင်တွင်း၊နတ်မောက်-ပျော်ဘွယ်နှင့်နတ်မောက်-မကွေးမြို့များသို့သွားလာသည့်လမ်းများတည်ရှိရာလမ်းဆုံမြို့ကလေးဖြစ်၍မော်တော်ယာဉ်မျိုးစုံနှင့်မော်တော်
ဆိုင်ကယ်များအသွားအလာများပြီးမြို့တွင်းလမ်းများကျဉ်းမြောင်းခြင်း၊မြို့ရှောင်လမ်းများမရှိခြင်းနှင့်မြို့တွင်း
လမ်းဘေးဝဲယာများတွင်စည်းကမ်းမဲ့စွာယာဉ်များရပ်နားခြင်းကြောင့်လမ်းဘေး၌တည်ရှိသည့်အမှတ်(၁)
အခြေခံပညာအထက်တန်းကျောင်း၊အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊အခြေခံပညာအလယ်
တန်းကျောင်းနှင့်အခြေခံပညာမူလတန်းကျောင်းများမှကျောင်းသားကျောင်းသူများနေ့စဉ်ကျောင်းတက်
၊ကျောင်းဆင်းအချိန်များတွင်ယာဉ်အန္တရာယ်ဖြစ်မည်ကိုစိုးရိမ်နေရသည့်အတွက်စည်းကမ်းမဲ့စွာမောင်းနှင်သော
ယာဉ်များကိုသက်ဆိုင်ရာတာဝန်ရှိသူများ၏ကြီးကြပ်မှုဖြင့်ထိန်းသိမ်းပေးစေလိုကြောင်းသိရသည်။ကျွန်တော်တို့
နတ်မောက်မြို့လေးဟာယာဉ်သွားလာမှုများသည့်အတွက်လမ်းဘေးဝဲယာရှိကျောင်းများကိုဆက်ဆိုင်ရာတာဝန်
ရှိသူများကကျောင်းဆင်း၊ကျောင်းပြန်တက်သည့်အချိန်လေးများမှာကျောင်းသား၊ကျောင်းသူများကျောင်းကို
စိတ်ခြမ်းမြေ့စွာကျောင်းသွားလာနိုင်ရန်စည်းကမ်းရှိစွာယာဉ်များမောင်းစေလိုကြောင်းနှင့်ယာဉ်စည်းကမ်းလမ်း
စည်းကမ်းမလိုက်နာသူများကိုယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှကြပ်ကြပ်မှတ်မှတ်အရေးယူပေးစေ
လိုကြောင်းကျောင်းသားမိဘတစ်ဦးမှပြောကြားကြောင်းသိရသည်။ လှဝင်း
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment