Wednesday, June 24, 2015
4:12 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ကံမ ဇွန် ၂၃
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့
အထိမ်းအမှတ်အဖြစ်မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများကိုကံမမြို့နယ်၌ဆောင်ရွက်လျက်
ရှိရာအခြေခံပညာအထက်တန်းကျောင်း(ကံမ)ရှိမြ၀တီခန်းမတွင်မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရား
မ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးဟောပြောပွဲကို ဇွန် ၂၃ ရက် နေ့လည် ၂ နာရီကကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးနေ၀င်းက ကျောင်းသားလူယ်များသိထားသင့်
သည့်မူးယစ်ဆေးဝါးအန္တရာယ်များကိုရှောင်ရှားနိုင်သည့်နည်းလမ်းများမြို့နယ်ဥပဒေအရာရှိ ဒေါ်စုကေခိုင်က
မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့်ပြစ်မှုများ၊ပြစ်ဒဏ်များအကြောင်းကို ပညာပေးဟောပြောခဲ့သည်။
ထို့အပြင် မူးယစ်လှုပ်ရှားမှုများအဖြစ် အလယ်တန်း၊အထက်တန်း မြို့နယ်အဆင့် စာစီစာကုံးပန်းချီ၊ကာတွန်းပြိုင်ပွဲများနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်၊ဓါတ်ပုံပြပွဲများ ပညာပေးပြသခဲ့ပြီး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း များပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment