Monday, May 4, 2015
4:32 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ဂန့်ဂေါ မေ ၃
ဂန့်ဂေါမြို့ တပ်ဦးကျောင်းတွင် အသက် ၈၀ ကျော် သက်ကြီး အဘိုး၊ အဘွားများအား ပူဇော်ကန်တော့ ပွဲကို မဟာရတနာအောင်မြေ တပ်ဦးကျောင်းဆရာတော်၏ မွေးနေ့ဖြစ်သည့် ကဆုန်လပြည့်နေ့ဖြစ်သည့် မေ ၂ ရက်နံနက်က အဆိုပါ ကျောင်းတိုက်၌ကျင်းပသည်။
အဆိုပါပူဇော်ပွဲကျင်းပသည့်နေ့တွင် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ တရားတော် များနာကြား၍ သီလဆောက်တည်ခြင်း၊ ဆီမီး၊ ရေချမ်း၊ ပန်း၊ သင်္ကန်း၊ သစ်သီး၊ တံခွန်၊ ကုက္ကား၊ မုလေးပွါး စသည်တို့ဆက်ကပ်လှူဒါန်းပူဇော်ခြင်းတို့အပြင် အသက်(၈၀)ကျော် သက်ကြီးအဘိုး၊အဘွား ၃၀ ဦးအား ပူဇော် ကန်တော့ကြကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment