Friday, April 3, 2015

၂၀၁၅ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့ ညနေ(၃)နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ခရိုင်ရဲတပ်ဖွဲ့မှူး၏ လောင်းကစား ဖမ်းဝရမ်း အမှတ်(၈/၂၀၁၅)ဖြင့် ရေစကြိုမြို့၊ အမှတ်(၈)ရပ်ကွက်နေသူ ဦးအောင်မိုး (၄၀)နှစ်၏ နေအိမ်သို့ ၀င်ရောက်ရှာဖွေရာ နေအိမ်အောက်ထပ် ဧည့်ခန်းရှိ စားပွဲပေါ်မှ နှစ်လုံးထီ လောင်းကစားရာတွင် အသုံးပြုသော စာရွက်စာတမ်းများ၊ ဆက်စပ်ပစ္စည်းများနှင့် လောင်းကြေး ငွေစက္ကူရောရာ ၂၂၃၃၀၀ိ/- တို့ အား တွေ့ရှိသိမ်းဆည်းရမိသဖြင့် တရားမ၀င်နှစ်လုံးထီ လောင်းကစား ပြုလုပ်သူ အောင်မိုး အား ရေစကြို မြို့နယ်၊ မြို့မရဲစခန်း (ပ)၄၁/၂၀၁၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၅(က)/၁၆(က) အရ အမှုဖွင့်အရေး ယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video