Thursday, March 12, 2015


ဂန့်ဂေါ မတ် ၁၂
    အမျိုးသမီးများ အကြမ်းဖက်မှုဆိုင်ရာနှင့် လူမှောင်ခို၊လူကုန်ကူးမှုအကြောင်း အသိပညာပေးဟောပြော ပွဲကို မတ် ၇ ရက်က ဂန့်ဂေါမြို့နယ် လုံဟောကျေးရွာ ဇီဝဓာတ်ငွေ့အသုံးပြု ဓာတ်အားပေးရုံ အနီးရှိ ကွင်းပြင်၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူးကျင်းပသည်။
    အဆိုပါ ဟောပြောပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်က အမှာစကားပြောကြားပြီး မြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးမြင့်ဆွေ၊ မြို့နယ်ဥပဒေအရာရှိ ဦးအောင်လှိုင်ဦး ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ ဒေါ် မိုးမိုးလှိုင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဒေါ်မြင့်သန်းနုတို့က ကဏ္ဍအလိုက် အသီးသီး ရှင်းလင်းဟောပြောကြသည်။
 ခရိုင်ပြန်/ဆက်၊ဂန့်ဂေါမြို့။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video