သရက် မတ် ၁၆
မကွေးတိုင်းဒေသကြီး သရက်မြို့တွင် သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် စာကြည့်တိုက်များ ၀န်ဆောင်မှု့ မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၈)နာရီက သဟာယစာကြည့်တိုက်အတွင်းကျင်းပရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန်းလှိုင်တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။
ထို့နောက် မြို့နယ်စာရေးဆရာအသင်း ဥက္ကဌ ဦးအေးဝေက ကြိုဆိုနှုတ်ဆက် စကားပြော ကြားပေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဆွေက အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက် အား အကျယ်တ၀င့်ရှင်းလင်းဆွေးနွေးပေးခဲ့သည်။
အဆိုပါ စာကြည့်တိုက်များ ၀န်ဆောင်မှု့မြှင့်တင်ရေးအလုပ်ရုံဆွေးနွေးပွဲကို သရက်ခရိုင်အတွင်းရှိ မြို့နယ် ဦးစီးမှူးနှင့် စာကြည့်တိုက်မှူး(၁၂)ဦး၊အခြေခံကျောင်းများများ၊တပ်နှင့် ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များမှ စာကြည့်တိုက်မှူး(၄၀)ဦး၊စုစုပေါင်း(၅၂)ဦးဖြင့် မတ်(၁၆)မှ(၁၇)ထိ (၂)ရက် ကျင်းပမည်ဖြစ်ပြီး သရက်မြို့နယ် စာရေးဆရာအသင်း၊စာပေ၀ါသနာရှင် အငြိမ်းစား ပညာရေးဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

0 comments:
Post a Comment