နတ်မောက် မတ် ၂
မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် တိရိစ္ဆာန် ကျန်းမာရေးလုပ်သား မွန်းမံသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက နတ်မောက်မြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် နတ်မောက်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်စိုးမှ သင်တန်းဖွင့်အမှာစကားပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာလှမျိုးသန့်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွှယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်၊ထို့နောက် တက်ရောက် လာသော သင်တန်းသားများမှ တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။
အဆိုပါ သင်တန်းတွင် တိရိစ္ဆာန်များတွင် ဖြစ်ပွားတတ်သောရောဂါများ၊ကာကွယ်ဆေးများ အကြောင်းနှင့်ကာကွယ်ဆေးထိုးနှံမှုနည်းစနစ်များ၊နို့စားနွားမွေးမြူရေး၊နွား မြိုင်စစ်ဆေးခြင်း၊မေထုံ မဲ့သားစပ်ခြင်းလုပ်ငန်း၊တိရိစ္ဆာန်သန်းခေါင်စာရင်းကောက်ယူခြင်း၊တိရိစ္ဆာန်ကာကွယ်ဆေးထိုးခြင်း
နှင့်ဆေးကုသခြင်း ကျေးရွာအရောက် လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို ပို့ချ ဆောင်ရွက်သွားမည်ဖြစ်သည်။တိရိစ္ဆာန် ကျန်းမာရေးလုပ်သား မွန်းမံသင်တန်းကို နတ်မောက်မြို့နယ်
အတွင်းတွင်(၂-၃-၂၀၁၅) ရက်နေ့မှ(၈-၃-၂၀၁၅)ရက်နေ့အထိ ရက်သတ္တတစ်ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး နတ်မောက်မြို့နယ်အတွင်းရှိ တိရိစ္ဆာန် ကျန်းမာရေးလုပ်သား(၄၀)ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
Tuesday, March 3, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment