Tuesday, March 3, 2015
6:16 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး မတ် ၃ရက်
မကွေးတိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စုနှင့် UNICEF (Myanmar) တို့၏ပူးပေါင်း၍ လူကုန်ကူးမှု/ လူမှောင်ခိုမှု / ကလေးသူငယ် ကာကွယ် စောင့်ရှောက်ခြင်း သင်တန်းဖွင့်လှစ်သင်ကြားပို့ချသည့်အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မကွေးခရိုင်အုပ်ချုပ်ရေးမှူးရုံး ခန်းမတွင်ကျင်းပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မကွေးခရိုင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအုန်းသန်းမှ သင်တန်းအဖွင့် အမှာ စကားပြောကြားပြီးတပ်ဖွဲ့စုမှူး ဒုရဲမှူးဦးလှဦးမှ လူကုန်ကူးမှု သမိုင်း၊ ရွှေ့ပြောင်းလုပ်သားများနှင့်ပတ်သက်၍ လူကုန်ကူးမှုဖြစ်ပွားရခြင်း အကြောင်းအရင်းများ အပေါ်အခြေခံကာလူကုန်ကူးမှု လူမှောင်ခိုနှင့်ပတ်သက်၍ အဓိပ္ပါယ် ဖွင့်ဆိုချက်များ၊TIER-2 Watch List နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံမှ အဆင့်အတန်း သတ်မှတ်ထားသော (၄)မျိုးအားထပ်ဆင့်ရှင်းလင်းခြင်း၊ TIER ဖြေရှင်းခြင်း ဆိုင်ရာစံနှုန်း(၁၀)ချက်တို့အား ရှင်းလင်းဆွေးနွေးပို့ချခြင်း၊ ရဲအုပ် ခင်နွေဝင်းမှ ကလေးသူငယ်များဆိုင်ရာများပို့ချဆွေးနွေးခြင်း၊ ဒုရဲအုပ်မြတ်နောင်ဆိုးမှ မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိသော လူကုန်ကူးအမျိုးအစားများအား ပို့ချဆွေးနွေးခြင်း ဒုရဲအုပ်စောအောင်သောင်းမှ အလုပ်အကိုင်အခွင့်အလမ်းများနှင့်ပတ်သက်၍ ပို့ချ ဆွေးနွေးခြင်း၊ ဒုရဲအုပ်ကျော်သူရမှ ရွှေ့ပြောင်းလုပ်သားများနှင့်ပတ်သက်၍ သိကောင်းစရာများ ပို့ချဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပြီး တက်ရောက်လာသည့် သင်တန်းသား/သူများမှလည်း ၄င်းတို့၏အတွေ့ အကြုံများနှင့် အပြန်အလှန် မေးမြန်းချက်များအပေါ် ပြန်လည်ဆွေးနွေးရှင်းလင်း ခြင်းများ ပြုလုပ်ခဲ့ပါသည်။
အဆိုပါသင်တန်းသို့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်တို့မှ ရပ်ကွက်/ကျေးရွာ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ စောင့်ကြည့်အဖွဲ့ဝင် (၅) ဦးစီနှင့် စုစုပေါင်းသင်တန်းသား(၅၇)ဦး တက်ရောက်ခဲ့ ကြောင်းသတင်းရရှိသည်။
သန်းနိုင်ဦး(ငဖဲ)
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment