Thursday, March 5, 2015

ချောက်   မတ်လ ၅ ရက်
      မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် အမှတ် ၁၁ ရပ်ကွက် ဗဟိုကွက်သစ်ရပ်ရှိ သာသနာ့ဗိမာန်တော်ကြီးရှေ့ ၌( ၅၇)ကြိမ် မြောက် သကျမုနိဆုတောင်းပြည့်မြတ်စွာ ဘုရားဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပပြုလုပ်ရာ  မြို့ နယ် အုပ်ချုပ်ရေးမှူးး ဦးမောင်မောင်သက် နှင့်အတူဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့ များ အလှူရှင်များ စုစုပေါင်း
( ၃၀၀)ဦးတို့ မှ ဆွမ်းဆန်စိမ်း လောင်းလှူရေးအဖွဲ့ (၁၀၂ )ဖွဲ့ ဖြင့် ချောက်မြို့ ပေါ်ရှိကျောင်းတိုက်
အသီးသီးမှ သံဃာ ( ၇၄၄)ပါး သီလရှင်( ၈၀ )ပါး ပုဂံညောင်ဦး မြို့ နယ် စဥ့်ကူမြို့ မှသံဃာ ( ၄၀)ပါး စုစုပေါင်း ( ၈၆၄)ပါးတို့ အား ဆန်/ ဆီ/ကြက်သွန်နီ / ကုလားပဲ/ ဆပ်ပြာမှုန့် ထုပ်/ ခေါက်ဆွဲခြောက် ထုပ်/မြေပဲဆံထုပ် / ပုန်းရည်ကြီးထုပ်/ ကော်ဖီမစ်ထုပ်/အချိုရည်ဗူး / ရေသန့် ဗူး/အမွှေးဆပ်ပြာခဲ စသည့်များလောင်းလှူခဲ့ကြောင်းသိရှိ ရသည်။
                            

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video