၂၀၁၅ခုနှစ် မတ်လ (၈)ရက်နေ့တွက် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ အထိမ်း အမှတ် အခမ်းအနားကို ယနေ့နံနက် (၉း၀၀)နာရီက မကွေးမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်၏ဇနီး မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာနာယကဒေါ်စမ်းစမ်းမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် အမျိုးသမီးထုရဲ့ အခန်းကဏ္ဍအရေးပါပုံကိုပေါ်လွင်ထင်ရှားစေဖို့ ယခုလို နိုင်ငံတော်အခမ်းအနားတစ်ရပ်အဖြစ် ခမ်းနားထည်ဝါစွာ ကျင်းပရခြင်းဖြစ်ကြောင်း ယခုနှစ်ဆောင်ပုဒ်မှာ ``လူသားအားလုံးတိုးတက်ဖို့ အမျိုးသမီးများ စွမ်းရည်မြှင့်တင်လို့ ပုံဖော်ကြပါစို့´´ ဖြစ်သည့်အတွက် အမျိုးသမီးထုရဲ့စွမ်းဆောင်ရည်များ မြင့်မားလာစေရန် ဆောင်ရွက်ရမှာဖြစ်ပါကြောင်းပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးအောင်ကျော်မင်းက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့် သ၀ဏ်လွှာကို ဖတ်ကြားပြီး အမျိုးသမီးများ အကြမ်းဖက်မှုများ ကာကွယ်လျော့ချရေးလုပ်ငန်းစဉ်များစာတမ်းကို အက်ရှင်အေ့ဒ်အဖွဲ့မှ အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်တင်ကြည်လှိုင်က ဖတ်ကြားသည်။
ထို့နောက် အက်ရှင်အေ့ဒ်စီမံကိန်းကျေးရွာများမှ အမျိုးသမီးများက အမျိုးသမီးများ အကြမ်းဖက်ကာကွယ်တားဆီးရေးဆိုင်ရာ သရုပ်ဖော်ပြဇာတ်များ၊ fashin show များဖြင့်တင်ဆက်ခဲ့ပါသည်။ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း/ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ NGO များ၊ သူနာပြုများ၊ကျောင်းသား/သူများ တိုင်းအဆင့်ဌာနဆိုင်ရာများသည် ခင်းကျင်းပြသထားသည့် မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဆောင်ရွက်ချက်ဓါတ်ပုံများနှင့် အမျိုးသမီးလေးများ၏ လက်မှုလုပ်ငန်းဖြင့် ပြုလုပ်ထားသည့် အသုံးအဆောင်များကို လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရ သည်။






0 comments:
Post a Comment