Monday, March 9, 2015

တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများ အစည်းအဝေးပွဲကျင်းပ
နတ်မောက်     မတ်    ၉
    မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ရမည့် ထက်-လယ်-မူ ဆရာဆရာမများအား မတ်လ ၉ ရက် နံနက် ၉ နာရီက နတ်မောက်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးတွင် မြို့နယ်ပညာရေးမှူး
 ဦးခင်မောင်ကျော်မှ ထက်-လယ်-မူ ဆရာ ဆရာမများကို ၂၀၁၅ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင်
 ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နတ်မောက်မြို့နယ်တွင် စာစစ်ဌာန (၅)ခုရှိ၍ ဆရာ ဆရာမ ၃၈၀ ဦးရှိပြီး ကျောင်းသား/ကျောင်းသူ
 (၂၉၉၉) ဦး ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video