သရက် ဖေဖော်ဝါရီ ၂
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သရက်ခရိုင် ကျန်းမာရေးဦးစီးဌာနကဖွင့်လှစ်သည့် အရန်သားဖွား သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ခရိုင် ပြည်သူ့ဆေးရုံကြီးခရိုင်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခမ်းမ တွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် သရက်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က အဖွင့်အမှာစကားပြောကြား ရာမှာ သရက်ခရိုင်အတွင်းရှိ သရက်၊ကံမ၊မင်းလှ၊ မြို့နယ်များမှ ရွေးချယ်ထားသော သင်တန်းသား(၂၉)ဦးနှင့်ဖွင့်လှစ်ပေးပြိး တိုင်းဒေသကြီး အတွင်းမှာ ရွာတိုင်းရွာတိုင်း အရန်သားဖွားတစ်ဦးရှိအောင် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ဒေသရပ်ရွာအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ စောင့်ရှောက်ခြင်း၊မီးဖွါးပေးခြင်း အပါအ၀င် မျိုးဆက်ပွါး ကျန်းမာရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် သရက်ခရိုင် ကျန်းမာရေးဦးစီးဌာန ခရိုင်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသီတာစိုးက သင်တန်းနှင့် ပက်သက်သည်များ ရှင်းလင်းပြောကြားရာတွင် သင်တန်းသူများအား စာတွေ့လက်တွေ့(၃)လ၊မြို့ နယ်အတွင်းမှာရှိတဲ့ ကျေးလက်ကျန်းမာရေးဌာတွေမှာ ကွင်းဆင်း(၃)လ ၊စုစုပေါင်း(၆)လ လေ့ကျင့်သင်ကြားပေး မှာဖြစ်ပြီး သင်တန်းမှပို့ချသည့် သင်ခန်းစာများအားစည်းကမ်းတကျ သင်ယူကျရန် မှာကြားခဲ့သည်။ယင်းအခမ်းအနားသို့ မကွေးတိုင်းလွှတ်တော်ကိုယ်စာလှယ်၊ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူး၊ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီး အကဲများ ၊(NGO) အဖွဲ့အစည်းများ၊သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ဇော်ထက်(သရက်)
Monday, February 2, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment