ထီးလင်း ဖေဖော်ဝါရီ ၃
ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွက် အရပ်ရပ် အခွင့်အရေးလိုင်စင် ၁၂ ခုကို ဇန်နဝါရီ ၂၉ ရက်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ဈေးပြိုင်စနစ်ဖြင့် ရောင်းချခဲ့သည်။
ထိုသို့ရောင်းချရာတွင် ဝင်ရောက်ယှဉ်ပြိုင်သူ ၂၇ ဦးရှိကြောင်း နှင့် အခွင့်အရေးလိုင်စင် ၁၂ ခုအတွက် ငွေကျပ်သိန်း ၄၂၀ ကျော်ရရှိပြီး ယခင်နှစ်ကထက် ၂ ဆ ကျော်ရရှိကာ ဈေးပြိုင်ရောင်းချပွဲကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်လတ်တို့နှင့်အဖွဲ့ တက်ရောက်ကြ၍ ဈေးပြိုင်ရောင်းချပွဲကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
Friday, February 6, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment