နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းနှစ် ၁၀၀ ပြည့်အထိမ်းအမှတ်ပွဲတော်တွင် စာပေဟောပြောပွဲကို ယမန်နေ့က ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်တွင် ကျင်းပခဲ့သည်။ အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်ပွဲတော်တွင် နတ်မောက်မြို့ စာပေဟောပြောပွဲ ကျင်းပရေးကော်မတီမှကြီးကြပ်မှုဖြင့် စာရေးဆရာများမှပြောကြားသည့် ကိုလေး(အင်းဝဂုဏ်ရည်)မှ ကဗျာရွတ်ကြဆို့ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးဘုန်း(ဓါတု)မှမဟာဖခင်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဗေလုဝမှတဆ္စေခြောက်ခံရသူများ ခေါင်းစဉ်ဖြင့်လည်း ကောင်း၊ ရေနံ့သာဝင်းမောင်မှ ဗိုလ်ချုပ်ချစ်တဲ့ဂီတ ဂီတချစ်တဲ့ဗိုလ်ချုပ် ဖြင့်လည်းကောင်း၊ ဒေါ်ကြွယ်ကြွယ်မှ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ညွန့်ဟံ(ကျူတော)မှ သမိုင်းဝင်မှတ်တမ်းများနှင့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ခေါင်းစဉ်ဖြင့်လည်းကောင်း တက္ကသိုလ်ကြူကြူသင်းမှ လွမ်းနေသမျှစာစီကျ ခေါင်းစဉ်ဖြင့်လည်းကောင်း စာပေဟောပြောပွဲကို (၂)ညတိုင်တိုင် ဟောပြောပွဲပြုလုပ်ခဲ့ပြီး စာပေချစ်သူများမှ လာရောက်နားထောင်သူ ၂ သောင်းကျော် ၃ သောင်းခန့် နားထောင်ကြကြောင်းသိရသည်။
Friday, February 13, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment