ထီးလင်း ဖေဖော်ဝါရီ ၃
(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလမ်းများဖြစ်သေသာ ဝက်သက်ကျေးရွာနှင့် ဂန့်ဂေါ- ထီးလင်းကားလမ်းသို့ ဆက် သွယ်သည့် လမ်းအရှည် ၆ မိုင်ရှည်မြေသားလမ်း၊ ထိန်တိုင်းကျေးရွာနှင့် ဂန့်ဂေါ- ထီးလင်းကားလမ်းသို့ ဆက် သွယ်သည့် လမ်းအရှည် ၅ ဖါလုံရှိမြေသားလမ်းတို့ဖွင့်ပွဲတို့ကို သက်ဆိုင်ရာကျေးရွာ အဆိုပါလမ်းထိပ်များ၌ ဖေဖော်ဝါရီ ၂ ရက်ကကျင်းပသည်။
ဝက်သက်ကျေးရွာနှင့် ဂန့်ဂေါ- ထီးလင်းကားလမ်းသို့ ဆက်သွယ်သည့်မြေသားလမ်းကို မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေကျပ် သိန်း ၆၀ ဖြင့်ဖောက်လုပ်ခဲ့၍ ထိန်တိုင်းကျေးရွာနင့် ဂန့်ဂေါ- ထီးလင်း ကားလမ်းသို့ဆက်သွယ်သည့်လမ်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေကျပ် ၄၅ သိန်းဖြင့် ဖောက်လုပ်ပြု ပြင်ခဲ့ကြောင်းနှင့် အဆိုပါလမ်းများ ဖောက်လုပ်သဖြင့် ဒေသတွင်းသွားလာမှုအပြင် ကုန်စည်စီးဆင်းမှု လွယ်ကူ မြန်ဆန်စေမည်ဖြစ်ကြောင်း သိရသည်။
Friday, February 6, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment