Tuesday, February 3, 2015

တောင်တွင်းကြီး          ဖေဖော်ဝါရီ            ၃
     မကွေးတိုင်းဒေသကြီးတောင်တွင်းကြီးမြိုနယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏  ၂၀၁၄-၂၀၁၅ဘဏ္ဍာရေးနှစ်ခွင့်ပြုငွေ(၁၃၆၇၀၀၀)ကျပ် ဒေသခံကျေးလက်ပြည်သူများ ထည့်ဝင်ငွေ(၃)သိန်း စုစုပေါင်းငွေကျပ်(၁၆၆၇၀၀၀)အကုန်အကျခံ၍အရှည်နှစ်မိုင်ခန့်ရှိ တောင်တွင်းကြီး-ရွှေအင်ပင်ကျေးလက်
 မြေသားလမ်းပေါ်ရှိ ကွန်ကရစ်တံတားသစ်အား ဖေဖော်ဝါရီ  ၃  ရက်နံနက်  ၁၀  နာရီကတိုင်းဒေသကြီး လွတ်တော် ဒုတိယဥက္ကဌဦးစောဝင်းမောင်lမြို့နယ်အုပ်ချူ ပ်ရေးမှူးဦးသိန်းဇော်l အုပ်စုအုပ်ချူ ပ်ရေးမှူး ဦးအောင်မြတ်စိုးတိုကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
အဆိုပါတံတားသစ်ဖွင့်လှစ်ခြင်းကြောင့် ဒေသခံပြည်သူများ အလွယ်တကူဖြတ်သန်း သွားလာနိုင် မည်ဖြစ်ပြီး ဒေသထတ်ကုန်များတောင်တွင်းကြီး မြို့မှတဆင့်ရန်ကုန် မန္တလေး မကွေး နေပြည်တော် အစရှိသည့်မြို့ကြီးများသို့ပို့ဆောင်ကာကုန်စည်စီးဆင်းမှုကို အထောက်အကူပြုမည်ဖြစ်ကြောင်း လမ်း
ပမ်းဆက်သွယ်ရေးကောင်းမွန်သဖြင့်ဒေသခံပြည်သူများ၏လူမှုရေးlစီးပွားရေးl ကျန်းမာရေးl ပညာရေးl စားဝတ်နေရေး အစရှိသည့် ဒေသဖွံ့ဖြိုးမှုကိုအများကြီး အထောက်အကူဖြစ်စေကြောင်း ရွှေအင်ပင်ကျေးရွာအုပ်ချူ ပ်ရေးမှူးဦးကျော်သိန်းကပြောကြားသည်။
နိုင်ဝင်း တောင်တွင်းပြန်/ဆက်

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video