မကွေး ဖေဖော်ဝါရီ ၂
ကျေးလက်နေပြည်သူများ၏ ကျန်းမာရေးကို တစ်စိတ်တစ်ဒေသအားဖြင့်စောင့်ရှောက်မှုပေးနေသော အရန်သားဖွားဆရာမများသည် ကျန်းမာရေးစောင့်ရှောက်မှု ကိစ္စရပ်အသီးသီးမှာ အရေးပါသည့် အရန်အင်အားစုအတွက် ကျေးရွာတိုင်းအတွက် လိုအပ်လျက်ရှိသည့် အရန်သားဖွားဆရာမများကို မွေးထုတ်ပေးနိုင်ရန် မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်ပံ့ပိုးမှု၊ တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ၏ ပေါင်းစပ်မှုဖြင့် အရန်သားဖွားဆရာမသင်တန်း(၁/၂၀၁၅)ကို ယနေ့နံနက် (၈း၃၀)အချိန်က မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အသင်းရုံးခန်းမတွင် ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မင်းတက်ရောက် အမှာစကားပြောကြားပါသည်။ယင်းနောက် မကွေး တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဥက္ကဌ ဒေါ်သင်းသင်းထွေးက သင်တန်းသူများအတွက် သင်တန်းလက်စွဲစာအုပ်များကို ထောက်ပံ့ပေးပါ သည်။
မကွေးတိုင်းဒေသကြီးအတွင်းတွင် ကျေးရွာအုပ်စုပေါင်း(၁၅၅၀)ရှိပြီး ကျေးရွာစုစုပေါင်း(၄၇၈၈)ရွာရှိရာ အရန်သားဖွားဆရာမများမွေးထုတ်ပေးနိုင်မှုအနေဖြင့် ၂၀၁၂ခုနှစ်၊ ၂၀၁၃ခုနှစ်များတွင် (၄)ကြိမ်သင်တန်းပေး နိုင်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်ရ အရန်သားဖွားဆရာမ(၁၇၄၇)ဦးမွေးထုတ်ပေးနိုင်ခဲ့ကြောင်းသိရသည်။
Monday, February 2, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment