Wednesday, February 11, 2015

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ ည (၇) နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ၊ ရေနံချောင်းမြို့နယ်၊ အိုးဘိုယာပြင်ရပ်ရှိ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေသော အဖွားဖြစ်သူထံ လာရောက်လူနာမေးသူ ရေနံချောင်းမြို့၊ ညောင်လှဆိပ်သာကွန်းထောက်ရပ်ကွက်နေ ကိုလတ်(၃၄)နှစ်သည် ၄င်း၏ ၃၃ယ/xxx ဟိုက်ဘိုဘို ၁၁ဝ အစိမ်းရောင်ဆိုင်ကယ်အား ဆေးရုံရှေ့ တွင် ဇက်သော့ခတ်ရပ်ထားကာ ဆေးရုံအတွင်းသို့ ဝင်ရောက်လူနာမေးပြီး ည ၉ နာရီအချိန် ပြန်ထွက် လာစဉ် ရပ်ထားသောဆိုင်ကယ်မှာ ပျောက်ဆုံးနေသဖြင့် ခိုးယူသွားသူအား စုံစမ်းဖော်ထုတ် အရေးယူ ပေးပါရန် ၁ဝ.၂.၂ဝ၁၅ ရက်နေ့၌ ရေနံချောင်းမြိ့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ကြောင်း သတင်းရရှိပါသည်။

 ရေနံချောင်းမြို့မရဲစခန်းမှူးနှင့်အဖွဲ့မှ ဆိုင်ကယ်ခိုးယူသူတရားခံအား ဖမ်းဆီးရမိရေးအတွက် လိုက်လံ စုံစမ်းရှာဖွေခဲ့ပြီး ရေနံချောင်းမြို့နယ်၊ ဥသျှစ်ကုန်းရွာနေ ရဲဇင်ထွန်း (၂ဝ)နှစ်မှ ခိုးယူကြောင်း သတင်းအရ ရဲဇင်ထွန်းအား ခေါ်ယူစစ်ဆေးခဲ့ရာ ဆေးရုံရှေ့တွင်ရပ်ထားသော ကိုလတ်၏ဆိုင်ကယ်အား ခိုးယူ ခဲ့ကြောင်းနှင့် အဆိုပါဆိုင်ကယ်အား ရွှေကြာငုံရပ်ကွက်အနီးရှိ လမ်းဘေးတစ်နေရာတွင် ဝှက်ထား ကြောင်း ထွက်ဆိုချက်အရ အဆိုပါဆိုင်ကယ်အား ၄င်းဝှက်ထားသည့်နေရာသို့ လိုက်လံပြသ၍ သိမ်းဆည်းရမိ သဖြင့် ရေနံချောင်းမြို့နယ်၊ မြို့မရဲစခန်း (ပ)၁၇/၂ဝ၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၉ (ဆိုင်ကယ်) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။



0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video