Monday, February 2, 2015

မြို့သစ် ဖေဖေါ်ဝါရီ ၂
၂၀၁၅/ ခုနှစ်ဖေဖေါ်ဝါရီလ(၁၃)ရက်နေ့တွင်ကျရောက်မည့် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏
နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်နှင့်မြန်မာ့ကလေးများနေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်
မကွေးတိုင်းဒေသကြီးမြို့သစ်မြို့နယ် ရှိယနေ့ လူငယ် လေးများ၏စိတ် တွင်
ဗိုလ်ချုပ်အောင်ဆန်းကဲ့ သို့ နိုင်ငံအပေါ်ချစ်မြတ်နိုးစိတ် အမျိုးသားရေးစိတ်
ဓာတ်တို့ ကိန်းအောင်းစေရန်ရည်ရွယ်၍မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၏
လမ်းညွှန်မှု ဖြင့် စာစီစာကုံး ပြိုင်ပွဲစကားရည်လုပွဲ ကဗျာပြိုင်ပွဲ များ နှင့်
ဟောပြောပွဲ အားကစားပြိုင်ပွဲများကိုဖေဖေါ်ဝါရီလ( ၁ )ရက်နေ့ မှစတင် ၍ကျင်းပပြုလုပ်လျှက်ရှိသည် ။
အဆိုပါပြိုင်ပွဲကို ၁ / ၂ /၂၀၁၅ မှ ၁၂ / ၂ / ၂၀၁၅ ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်၊
အားကစားပြိုင်ပွဲများ ကို မြို့နယ်အားကစားကွင်းတွင်ကျင်းပပြုလုပ်ပြီး စကားရည်လုပွဲ နှင့်
စာစီစာကုံးပြုင်ပွဲ ဟောပြောပွဲများကိုမြို့သစ် အ ထ ကကျောင်းတွင်ကျင်းပ
ပြုလုပ်သွားမည်ဖြစ်သည် ။
ဆုချီးမြင့်ပွဲအခမ်းအနားကို၁၃ ၂ ၂၀၁၅ ရက်နေ့ တွင်
မူကြိုကျောင်း ကျောင်းသား ကျေိာင်းသူလေး များ ၏ပဒေသာ ကပွဲ နှင့်အတူကျင်းပပြုလုပ်မည်ဖြစ်ပြီး
ပြိုင်ပွဲတွင်ဆုရရှိသူများအားထိုက်ထိုက်တန်တန် ဆုများချီးမြင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည် ။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video