ကံမ ဖေဖေါ်ဝါရီ ၂
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ကံမမြို့တွင် ဖေဖေါ်ဝါရီလ ၁ ရက် နံနက် ၈ နာရီက(၆၈)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ် ၁ ရပ်ကွက်၊မြို့မရပ် ကျန်စစ်သားလမ်းကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနား ကိုကျင်းပပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်စိုးမိုးထွန်း ၊ မြို့နယ်စည်
ပင် သာယာရေးအဖွဲ့အမှုဆောင်အရာရှိဦးဥာဏ်ဦး နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးတင်မျိုးလှိုင်
တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါလမ်းသည် ၂၀၁၄-၂၀၁၅ ခုနှစ်ဘဏ္ဍာရေးနှစ် မြို့နယ်စည်ပင်
သာယာရေးအဖွဲ့၏ခွင့်ပြုရန်ပုံငွေ ၃၀.၇ သိန်း ဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းအကျယ် ၁၂ ပေနှင့်လမ်းအရှည်
၂၆၅ ပေ ရှိကြောင်းသိရသည်။ကျော်ဇေယျဝင်း
Tuesday, February 3, 2015
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment