မကွေးတိုင်းဒေသကြိး သရက်မြို့တွင် သဟာယစာဖတ်အသင်း နှစ်ပတ်လည် အသင်းသားစုံညီ အစည်း အဝေးကို ယနေ့နေ့လည်(၂)နာရိက စာဖတ်အသင်းတွင် ကျင်းပခဲ့ရာ အသင်းနာယက ဥိးတင့်လွင်က အဖွင့်အမှာ စကား ပြောကြားပေးခဲ့သည်။
အဆိုပါအခမ်းအနားတွင် သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဆွေက(၆၉)နှစ်တိုင်တိုင် သမိုင်းဝင် စာကြည့်တိုက်အဖြစ် အောင်မြင်အောင် ဆောင်ရွက်ပေးကြတဲ့ အသင်းနာယကနှင် ကော်မတီဝင်များ၊အသင်းသားများအား အသင်းကြိးကို ယခုကဲ့သို့ အောင်မြင်အောင် ဆောင်ရွက်ပေးစေလိုကြောင်းပြောကြားပေးခဲ့ပြိး အသင်းဥက္ကဌ ဦးမြင့်ဖေက စာကြည့်တိုက်ဆောင်ရွက်ထားရှိမှု့နှင့် စာဖတ်အသင်းအားအောင်မြင်ရေးအတွက်ကော်မတီဝင်များ၊အသင်းသားများနှင့်ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှီ ကြောင်းပြောကြားပေးခဲ့သည်။
ထို့နောက် သဟာယစာဖတ်အသင်းဘဏ္ဍာရေးမှူး ဦးတင်ချိုက ငွေစာရင်းရှင်းတမ်းများအားရှင်းလင်းဖတ် ကြားပေးခဲ့ပြိး အသင်းဥက္ကဌ ဦးမြင့်ဖေကအသင်းပိုင်စာအုပ်များအား ကျေးရွာ စာကြည့်တိုက်(၂၀)တိုက်အား လှူဒါန်း ပေးခဲ့ရာ ကျေးရွာ စာကြည့်တိုက်များကိုယ်စား သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဥိးစိးဌာန ခရိုင်ဦးစီး အရာရှိ ဒေါ်မြင့်မြင့်ဆွေက လက်ခံရယူပေးခဲ့သည်။ ယင်းနောက် သဟာယစာဖတ် အသင်းဝင် ဦးအောင်မြင့်စိန်မှ အသင်းဝင်များ ကိုယ်စား ကျေးဇူးတင်စကား န်ြလည်ပြောကြားပေးခဲ့ကြောင်း သိရသည်။
Friday, February 13, 2015
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment