မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၌ နိုင်ငံခြားခရီးသွားဧည့်သည်များလာရောက်လှည်ပတ် ကြသဖြင့် မြင်းလှည်းယာဉ်များ ယခင်ကထက် ပိုမိုဝင်ငွေရရှိကြောင်းကို ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၈ ရက်နေ့နံနက် (၀၉း၃၀) နာရီအချိန်က ဧရာတီ (ပေါက္ကံ) ခရီးသွားသင်္ဘောဖြင့် နိုင်ငံခြားသားများ လာရောက်လှည်ပတ်ကြရာ မြင်းလှည်းယာဉ်များဖြင့် သရက်ဂေါက်ကလပ်၊ အထက်တန်းကျောင်း၊ မြို့မဈေးများသို့ သွားရောက်ကြည့်ရှု ကြောင်းသိရသည်။
အဆိုပါခရီးသွားနိုင်ငံခြားသား (၅၀)ဦး လာရောက်ရာ မြင်းလှည်း တစ်စီးလျှင် (၂)ဦးတင်ဆောင်၍ မြင်းလှည်း(၂၅)စီးဖြင့် တင်ဆောင်ရာ တစ်စီးလျှင် (၆၀၀၀)ကျပ် ရရှိကြောင်းကို မြင်းလှည်းယာဉ်က္ကဌ ဦးသိန်းဝင်းမှပြောကြားရာ မြင်းလှည်းသမားများအနေဖြင့် အဆင်ပြေကြောင်း ပြောပါသည်။အဆိုပါနိုင်ငံခြားခရီး သွားသင်္ဘောသည် ပြည်မြို့မှ မန္တလေးမြို့သို့ တနှစ်လျှင် (၈)ခေါက်သွားရောက်နိုင်ကြောင်းကို ခရီးသွားတာဝန်ခံမှပြောကြားရာ မြင်းလှည်းယာဉ်များအနေဖြင့် ခရီးသွားများလာရောက်ကြသဖြင့် ၀င်ငွေပိုမိုတိုး ကြောင်း သတင်းရရှိပါသည်။
Friday, January 9, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment