Friday, January 9, 2015

ထီးလင်း ဇန်နဝါရီ ၇
    (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြပွဲ ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဇန်နဝါရီ ၄ ရက် နံနက် ၉ နာရီက ဂန့်ဂေါခရိုင် ထီးလင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင်ကျင်းပသည်။
    ဆုချီးမြှင့်ပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန အကြီးတန်းသူနာပြု ဒေါ်သန်းသန်းဌေးက ပြိုင်ပွဲကျင်းပ ခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြီး မြိုနယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများက မွေးကင်း စမှ ၆ လအထိ၊ ၆ လမှ ၁ နှစ်ထိ၊  ၁ နှစ်မှ ၂ နှစ်ထိ ဆုများနှင့် အမွှာဆုများကို ချီးမြှင့်ပေးအပ်ကြသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video