ရေနံချောင်း ဇန်န၀ါရီ ၁
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ နှစ်တစ်ရာ ပြည့်(ရာပြည့်ပွဲတော်)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါကျောင်းရှေ့ မျက်နှာစာတွင်ကျင်းပခဲ့သည်။
အခမ်းအနားသို့တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ လွှတ်တော်အသီးသီးမှကိုယ်စားလှယ် များ၊တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မကွေးခရိုင်နှင့်ရေနံချောင်းမြို့နယ်မှဌာနဆိုင်ရာတာဝန်ရှိသူများ၊ရေနံချောင်းမြို့ အမှတ်(၁)အထက် တန်းကျောင်းရာပြည့်ပွဲတော်ကျင်းပရေး ကော်မတီဝင်များ၊ရေနံချောင်းမြို့ပေါ်ရှိပြည်သူများ
ကျောင်းသားကျောင်းသူဟောင်းများ၊ ဆရာ/ဆရာမများ၊လူမှုရေးအသင်းအဖွဲ့များ၊ဘင်ခရာအဖွဲ့၊ အကအဖွဲ့များတက်ရောက်ကြသည်။
အခမ်းအနားတွင် ရှေးဦးစွာ ရေနံချောင်းမြို့ အထက(၁)ရာပြည့် မုခ်ဦးရှေ့၌ ရွှေပါရမီတောရ ဆရာတော် ရှင်ဆန္ဒာဓိက၊မြို့နယ်ပညာရေးမှူးဒေါ်မြင့်မြင့်၊အထက(၁)ကျောင်း အုပ်ကြီး ဒေါ်မူမူထွန်း ရာပြည့်ပွဲတော်ကျင်းပရေးကော်မတီဥက္ကဌများမှ ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။
ထိုနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အခမ်းအနားသို့တက်ရောက်လာသော ဧည့်ပရိ သတ်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနုတ်ဆက်၍ ကျောင်းတွင်းလှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေနံချောင်းမြို့ ပြည်သူ့ဆေးရုံသို့ရောက်ရှိ ၍ ရေနံချောင်းမြို့ ပြည်သူ့ဆေးရုံ ခွဲစိတ်ဆောင် (၆)ခန်းတွဲဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းနှင့် ဆေးရုံအကြီးစား ပြင်ဆင်မွန်းမံခြင်းလုပ်ငန်းသို့သွားရောက်ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းများအား စံချိန်စံညွှန်းမီစွာဆောက်လုပ်ရေး၊အချိန်မီပြီးစီးရေး၊လုပ်ငန်းကြီးကြပ်ရေးအဖွဲ့များကလည်း အမြဲမပြတ် ကြပ်မတ်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရှိရသည်။




0 comments:
Post a Comment