Sunday, January 4, 2015
4:51 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
ဂန့်ဂေါ ဇန်နဝါရီ ၎
(၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလံတင်အခမ်းအနားကို မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် အားကစားကွင်း၌ ဇန်နဝါရီ ၄ ရက် နံနက် ၄ နာရီ မိနစ် ၂၀ အချိန်တွင်ကျင်းပ၍ နိုင်ငံတော်အလံ အလေးပြုအခမ်းအနားကို နံနက် ၇ နာရီတွင်ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှပေးပို့သည့် လွတ်လပ်ရေးနေ့သဝဏ်လွှာကို ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဇင်က ဖတ်ကြားသည်။ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ ကျောင်းသား၊ကျောင်းသူများ၊ ပြည်သူများ ၃၈၀၀ ကျော်တို့တက်ရောက်ကြကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment