Saturday, January 3, 2015

မင်းဘူး                 ဇန်န၀ါရီလ                   ၃
                 (၆၇)နှစ်မြောက်လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်မင်းဘူး(စကု)မြို့နယ်ကျွဲတဲ-ညောင်ကိုင်း
ကျေးရွာချင်းဆက် မြေနီကျောက်စရစ်လမ်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီက ကျင်းပရာ
မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်တင် ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှု့ဆောင်အရာရှိဦးကျော်သူတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
             အဆိုပါမြေနီ ကျောက်စရစ်ခင်းခြင်း လုပ်ငန်းနှင့် စပ်လျဉ်းပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့
အမှုဆောင်အရာရှိ ဦးကျော်သူကရှင်းလင်းတင်ပြပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ကျွဲတဲ-ညောင်ကိုင်း ကျေးရွာချင်းဆက် မြေနီလမ်းမှာ (၂)မိုင်ရှိပြီး၂၀၁၄-စ်၊ အောက်တိုဘာလ(၃၀)ရက်နေ့
တွင် လုပ်ငန်းစတင်ပြီး နိုဝင်ဘာ(၁၆) ရက်တွင် ဆောင်ရွက်ပြီးစီးခဲ့ပြီင်္း ကျေးလက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ
၇၇.၇ သိန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ယင်းလမ်းမှာ ယခင်က  မိုးရာသီတွင် လမ်းသား ဗွက်ပေါက်ပြီး  သွားလာရ ခက်ခဲကြောင်း ယခုကဲ့သို့ နိုင်ငံတော်က မြေနီကျောက်စရစ်လမ်း ခင်းပေးတဲ့အတွက်  နွေ မိုး ဆောင်း ရာသီ မရွေး သွားလာနိုင်တော့မှာဖြစ်တဲ့ အတွက် ကျေးဇူး တင်ရှိပါကြောင်း  ဒေသခံ တစ်ဦးထံမှ ရင်တွင်းခံစားချက်ကို သိရှိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video