Monday, January 5, 2015

၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၃ ရက်နေ့ ည (၈း ၁၃) အချိန်ခန့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးးခရိုင် ၊ ထောက်ရှာပင်ကမ်းနီရေနံမြေ ရေနံလုံခြုံရေးအဖွဲ့သည် ရေနံမြေအတွင်း ကင်းလှည့်စစ်ဆေးနေစဉ် ကမ်းနီနယ်မြေရှိ ရေနံတွင်းအမှတ်(၂၈)၏ တောင်ဘက်ကိုက်(၁ဝဝ)ခန့်အရောက်တွင် မသင်္ကာ ဖွယ်ရာ လူ(၃)ဦးအား တွေ့ရှိသဖြင့် လိုက်လံဖမ်းဆီးခဲ့သည်။

မင်းဘူးမြို့နယ်၊ ကမ်းနီကျေးရွာနေ ကျော်သက်(၁၉)နှစ်နှင့် တစ်ရွာတည်းနေသူများဖြစ်သော ဇော်ထက် (၂၂)နှစ်၊ မပန်းအိ(၂၆)နှစ်တို့(၃)ဦးအား ရေနံစိမ်း (၆) ဂါလံပါ အဝါရောင်ပီနံအိတ်နှင့် စွပ်လျှက် ဘိုမ တံဆိပ်ပါ ပလပ်စတစ်အိတ်(၂)အိတ်၊ စုစုပေါင်း(၁၂)ဂါလံအား ဖမ်းဆီးရမိခဲ့ပြီး စစ်မေးရာ ၄င်းတို့မှရေနံစိမ်း များအား တွင်းအမှတ် (၂၇၇) ဆယ်လာကျင်းမှ ခိုးယူလာကြောင်း လိုက်လံပြသ၍ သိရှိရသည်။ 

တားမြစ်ထားသော ရေနံမြေအတွင်းမှ ရေနံစိမ်းများဝင်ရောက်ခိုးယူသူ ကျော်သက်၊ ဇော်ထက်နှင့် မပန်းအိတို့ (၃)ဦးအား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း(ပ)၆/၂ဝ၁၅၊ ပြည်သူပိုင်ပစ္စည်း ကာကွယ် စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆(၁) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိ ပါသည်။


0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video