မင်းလှ ဇန်န၀ါရီ ၇
၂၀၀၀ခုနှစ်မှ ၂၀၁၄ခုနှစ်အတွင်း ကဏ္ဍအသီးသီးမှ ဘွဲ့ရဆရာတော်အသီးသီးနှင့် ၂၀၁၄ခုနှစ် ငယ်၊ လတ်၊ ကြီးအောင်အရှင်(၁၄)ပါးတို့အား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ဇန်န၀ါရီလ (၆)ရက်နေ့ နေ့လည်(၁း၀၀)နာရီက အထက်မင်းလှမြို့နယ် သာသနာ့ဗိမာန်တွင်ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် အထက်မင်းလှမြို့နယ် သံဃနာယကဥက္ကဌဆရာတော်မှ ငါးပါးသီလနှင့် အနုမောဒနာတရားချီးမြှင့်ပေးပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်စား မြို့နယ်ဒုတိယဦးစီးမှူးက ၀မ်းမြောက်စကားပြောကြားပါသည်။ ဆက်လက်ပြီး စူဠဘွဲ့နှင်းသဘင်ကျင်းပရေး ကော်မတီဥက္ကဌ ဦးသာရင်က ပူဇော်ပွဲကျင်းပရခြင်းအား တင်ပြလျှောက်ထားပါသည်။
ယင်းနောက် ၂၀၀၀ခုနှစ်မှ ၂၀၁၄ခုနှစ်အတွင်း ကဏ္ဍအသီးသီးမှ ဘွဲ့ရဆရာတော်အသီးသီးနှင့် ၂၀၁၄ခုနှစ် ငယ်၊ လတ်၊ ကြီးအောင်အရှင်(၁၄)ပါးတို့အား ဘွဲ့တံဆိပ်တော်များနှင့် ဂုဏ်ပြုမှတ်တမ်းများ၊ ၀တ္ထုငွေများ၊ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ပါသည်။
မြို့နယ်လုံးဆိုင်ရာ ဘွဲ့ရ ဆရာတော်များအား မဟာဘွဲ့နှင်းသဘင်ဖြင့် ပူဇော်ရန်အတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ယခုနှစ်မှ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပြီး အထက်မင်းလှမြို့နယ်အတွင်းမှ အခြားဒေသများတွင် ရောက်ရှိနေသည့်ဆရာတော်များသာမက သီရိလင်္ကာနိုင်ငံ ဗုဒတက္ကသိုလ်တွင် ပါရဂူဘွဲ့တက်ရောက်နေသည့် ဆရာတော် ဦးဥတ္တမာနန္ဒ(ဘာသန္တရဆေက ဓမ္မာစရိယ)သည်လည်း မိမိဒေသဖြစ်သည့် အထက်မင်းလှမြို့နယ် လုံးဆိုင်ရာ မဟာဘွဲ့နှင်းသဘင်အားတက်ရောက်ခြဲ့ပီး ဆရာတော်(၆၁)ပါးအားတက်ရောက်ခဲ့ ကြောင်းသိရ သည်။
ညနေ(၃)နာရီအချိန်တွင် ဆွမ်းလောင်းပွဲကျင်းပရာ သာသနာ့ဗိမာန်ရန်ပုံငွေမှ ဆရာတော်(၁)ပါးလျှင် ၀တ္ထုငွေကျပ်(၁)သိန်းစီနှင့် မြို့နယ်အတွင်းရှိ စေတနာရှင်များမှ လှူဒါန်းငွေတစ်ပါးလျှင် ကျပ်ခုနှစ်သောင်းခန့် စုစုပေါင်း တစ်ပါးလျှင် ၀တ္ထူငွေကျပ်(၁၇၀၀၀၀)ခန့်နှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းနိုင်ခဲ့ကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment