Saturday, January 3, 2015

ဆော ဇန်နဝါရီ ၁
    (၆၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဂန့်ဂေါခရိုင် ဆောမြို့နယ် ကျောက်မြောင်း ကျေးရွာတွင် မူလတန်းကျောင်းဆောင်သစ်ဖွင့်ပွဲကို ဇန်နဝါရီ ၁ ရက် နံနက် ၈ နာရီကကျင်းပရာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမောင်၊ မြို့နယ်လက်ထောက်ပညာရေးမှူး ဦးဘီဝင်း၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီဥက္ကဌ  ဦးတင်စိုးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ကြသည်။
    ထို့နောက် ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို အဆိုပါကျောင်းဆောင်၌ ဆက်လက်ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ထွန်းက အမှာစကားပြောကြားပြီး ကျောင်းဆောင်ဆောက်လုပ်ရေးကော်မတီ ဥက္ကဌက ကျောင်းဆောင်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို မြို့နယ်လက်ထောက်ပညာရေးမှူးထံသို့ လွှဲပြောင်းပေးအပ်သည်။
    အဆိုပါကျောင်းဆောင်ကို နိုင်ငံတော်၏ ပြုပြင်ထိန်းသိမ်းမှုရန်ပုံငွေကျပ် ၇ ဒသမ ၄ သန်းဖြင့်အလျှား ၈၀ ပေ၊ အနံ ၂၂ ပေ၊ အမြင့်၁၂ ပေရှိတစ်ထပ်၊အုတ်ညှပ်အဆောက်အအုံ
အဖြစ် ဆောက်လုပ်ထားခြင်းဖြစ် ကြောင်း သိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video