Tuesday, November 18, 2014

ပခုက္ကူ   -   နိုဝင်ဘာ   -   ၁၈
    မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊မအူအင်းတွင် တိုင်းရင်းငါးမျိုးများသုတေသန
လုပ်ငန်းကို ပခုက္ကူခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။(ပုံ)တိုင်းရင်းငါးမျိုးများ
ရေရှည်တည်တံ့ပြန့်ပွားနိုင်ရေး၊ မူလ မျိုးရင်းများတိမ်ကောမပပျောက်စေရေးအတွက်ရှားပါးတိုင်းရင်းငါးမျိုး
များကိုပိုက်လှောင်အိမ်များဖြင့်ထိမ်းသိမ်းပြုစုမွေးမြူလျှက်ရှိသည်။
    အဆိုပါမွေးမြူထားသောတိုင်းရင်းငါးမျိုးများမှာငါးကြင်းဖြူ ၊ ငါးအုံတုံ ၊ ငါးမြွေ တိုး ၊ နိုင်လွန်ငါး ၊
ငါးဖယ် ၊ ငါးဇင်ရိုင်း နှင့် ငါးလူးတို့ဖြစ်ကြသည်။
    ထိုသို့တိုင်းရင်းငါးများမွေးမြူမှုအခြေအနေကိုပခုက္ကူခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ၊ ဦးကျော်စန်းဝင်း
နှင့်ဝန်ထမ်းများမှ နိုဝင်ဘာ(၁၀)ရက်နေ့တွင်ကွင်းဆင်းစစ်ဆေးကြည့်ရူခဲ့ကြောင်းသတင်းရရှိသည်။
အောင်(မန်းတက္ကသိုလ်)

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video