Tuesday, November 18, 2014

 မကွေး  နိုဝင်ဘာ  ၁၈
    မကွေးမြို့၏ အဓိကအချက်အချာကျသော လမ်းဖြစ်သည့် လမ်းမတော်လမ်းနှင့် မဲထီးလမ်းထောင့်နေ ရာတွင် ၉.၉.၂၀၁၄ ရက်နေ့မှစတင်ပြီး သံကူကွန်ကရစ် ကတ္တရာထပ်ပိုးလွှာ ခင်းနေလျက်ရှိရာ အဆိုပါလမ်း မှာ မကွေး-မင်းဘူး သုံးဘီးဆိုင်ကယ်များ၊ ရန်ကုန်-မန္တလေး အဝေးပြေးယာဉ်များ၊ ကုန်တင်ကားကြီးများသွားလာ ရန် သတ်မှတ်ထားသည့် လမ်းဖြစ်ပြီး အသုံးအများဆုံးလမ်းလည်းဖြစ်ပါသည်။
    ယင်းလမ်းမှာ ကားကြီးများအသွားအလာများပြားသဖြင့် မကြာခဏပျက်ဆီးနေသော လမ်းဖြစ်သဖြင့် မကွေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ကတာဝန်ယူ၍ အရှည် ၂၇၅ပေ၊ အကျယ် ၂၄ပေအား သိန်း(၂၆၀) အကုန်အကျခံကာ ကတ္တရာထပ်ပိုးလွှာခင်းနေခြင်းဖြစ်ကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video