ဆင်ပေါင်ဝဲ နိုဝင်ဘာ ၁၈
သိမ်းဆည်းမြေများအတွက်မြေလျော်ကြေးငွေရရှိရေးနှင့်ပတ်သက်၍ ဆွေးနွေးပွဲကို ယနေ့နံနက်က ဆင်ပေါင်ဝဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်သည်။ ကပစ(၁၃)၊ ကပစ(၂)၊ ကြံခင်း-ပခုက္ကူရထားလမ်း စီမံကိန်းတို့မှသိမ်းဆည်းမြေများအတွက် မြေလျော်ကြေးငွေရရှိရေး တင်ပြချက်နှင့်ပတ်သက်၍ဆောင်ရွက်ထားရှိမှုအခြေအနေမှန်များအား သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အထောက်အကူပြုကော်မတီဝင် များ၊ ကျေးရွာအုပ်စုလယ်ယာစီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ မြေသိမ်းဆည်းခံထားရသည့် တောင်သူများသို့ သက်ဆိုင်သည့်ဌာနဆိုင်ရာများမှ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားပြုလုပ်သည်။
အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဗိုလ်အောင်မောင်မောင်နှင့် ကပစ(၁၃)မှ ဗိုလ်မှူးကြီး အေးချမ်းမောင်၊ ကပစ(၂)မှဗိုလ်ကြီးဇော်မျိုးထက်၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မြို့နယ်အထောက်အကူပြုကော်မတီဝင်များ၊ မြေအသုံးချစီမံခန့်ခွဲရေးမှုအဖွဲ့၊ လက်ပန်၊ စည်တိုင်း၊ လက်ပန်ငူ၊ ငန်းပြား၊ ဇောင်ချမ်းတောင်၊ အင်းမ
ရွှေမောင်းခွန်၊ ကျေးရွာအုပ်စုများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများစုစုပေါင်းအင်အား(၄၀၀)ဦးခန့်
တက်ရောက်ခဲ့ကြောင်းသိရသည်။ မျိုးမျိုး(ဆင်ပေါင်ဝဲ)
Tuesday, November 18, 2014
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment