Thursday, October 9, 2014
8:15 PM
မကွေးသတင်းစုံ
Local News, NEWS
No comments
http://www.moi.gov.mm/npe:zg/news/9/10/2014/id-14426
ပူတာအို အောက်တိုဘာ ၈
ယူရိုကော်ပတာ ဘီဖိုးကို မောင်းနှင်ခဲ့သူ ထိုင်းနိုင်ငံသား ကျွမ်းကျင်ရဟတ်ယာဉ်မှူး မစ္စတာ Chatchawal ကို ကျန်းမာရေးစောင့် ရှောက်မှုများပေးအပ်ရန် ယနေ့ညနေ ၆ နာရီတွင် မန္တလေးမြို့မှတစ်ဆင့် ခေါ်ဆောင်ခဲ့ရာ ည ၉ နာရီတွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့ပြီး ဝိတိုရိယ နိုင်ငံတကာဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူလျက်ရှိသည်။ တောတွင်းတစ်နေရာရှိ ဂူတစ်ခု အတွင်း မျက်စိဝေဒနာခံစားနေရ ရင်း ကျန်ရှိနေခဲ့သော မြန်မာရဟတ် ယာဉ်မှူးကို ဆက်လက်ရှာဖွေဆဲ ဖြစ်ကြောင်း ထူးဖောင်ဒေးရှင်းက ယနေ့ သတင်းထုတ်ပြန်သည်။
အောက်တိုဘာ ၇ ရက်တွင် ဦးရွှေရင်တော်ကြီးကို တွေ့ရှိပြီး သိရှိ ရသည့် အချက်အလက်များအရ အချိန်မီ ကယ်ဆယ်ပေးနိုင်ရန် အတွက် ထူးဖောင်ဒေးရှင်း၊ နယ်မြေခံ တပ်ရင်းများနှင့် ဒေသခံရွာသားများ စုပေါင်းကာ ညတွင်းချင်း တောနင်း ဝင်ရောက်ရှာဖွေခဲ့ကြရာ ယနေ့ နံနက် ၁၁ နာရီတွင် ထိုင်းရဟတ် ယာဉ်မှူးကိုနောင်မွန်းမြို့နယ် ဂါးထု ကျေးရွာအလွန် တောနက်အတွင်းမှ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
''တောတွင်းမှာ သူတို့ရောက်ရှိ နေကြတော့ ထိခိုက်ဒဏ်ရာအရ အနည်းဆုံး ကိုရွှေရင်တော်ကြီးကို အရင်ဆုံးသတင်းပို့နိုင်ဖို့ လွှတ်ခဲ့ကြ တယ်။ နောက်တော့ ဒဏ်ရာအနည်း ငယ်ရတဲ့ ထိုင်းရဟတ်ယာဉ်မှူးက ထပ်လိုက်လာပြီး သတင်းပို့ဖို့ ဆုံး ဖြတ်ကာ မြန်မာရဟတ်ယာဉ်မှူး ကိုအောင်မြတ်တိုးကတော့ မျက်စိ ဒဏ်ရာရော အခြားအသေးစား ထိ ခိုက်မှုတွေပါ ရရှိထားတာကြောင့် ခက်ခဲကြမ်းတမ်းတဲ့ တောတွင်းဒဏ်၊ ရာသီဥတုဒဏ်ကို မခံစားနိုင်မှာစိုးလို့ လုံခြုံဖွယ်ရှိတဲ့ ဂူတစ်ခုထဲမှာ ထားခဲ့တယ်လို့ သိရပါတယ်။ ကိုရွှေ ရင်တော်ကြီးနဲ့ ထိုင်းရဟတ်ယာဉ်မှူး တို့က တောနင်းခရီးကြမ်းကြီးကို ရှစ် ရက်ခန့်စီ ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံ ဖြတ်သန်းရင်း အခုလို ကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံနိုင်ခဲ့တာ ဖြစ်ပါတယ်''ဟု ထူးဖောင်ဒေးရှင်း၏ ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးကိုကို သက်က ပြောကြားသည်။
ထိုင်းရဟတ်ယာဉ်မှူးမှာ အသေး စား ထိခိုက်မှုဒဏ်ရာများနှင့် အအေး မိခြင်းဒဏ်ကို ခံစားနေရသော်လည်း အသက်အန္တရာယ်မစိုးရိမ်ရကြောင်း၊ ထိုင်းရဟတ်ယာဉ်မှူးအား တောတွင်း မှတစ်ဆင့် လန်ဆာထုကျေးရွာသို့ လည်းကောင်း၊ ထိုမှတစ်ဆင့် ညနေ ၅ နာရီတွင် ပူတာအိုသို့လည်းကောင်း သယ်ယူခဲ့ပြီး SOS medical အဖွဲ့မှ ဒေါက်တာ အိုလီဗာနှင့်အဖွဲ့က ကျန်း မာရေးစောင့်ရှောက်မှုများကို ဆောင် ရွက်ပေးခဲ့သည်။
ထိုင်းရဟတ်ယာဉ်မှူးအား ပြန်လည်တွေ့ရှိကာ လန်ဆာထုကျေးရွာ မှတစ်ဆင့် ရန်ကုန်သို့ ပို့ဆောင်နေကြ ချိန်တွင် ထူးဖောင်ဒေးရှင်း ဥက္ကဋ္ဌနှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များ က မြန်မာရဟတ်ယာဉ်မှူး ကိုအောင် မြတ်တိုးကို ဆက်လက်တောနင်း ရှာဖွေဆဲဖြစ်ကြောင်း၊ မြေပြင်ရှစ်ရက် ခရီးကို တွက်ချက်ကာ ဖြစ်နိုင်ခြေ နေရာများကို ခေတ်မီနည်းစနစ်များ အသုံးပြုရှာဖွေခြင်း၊ ဝေဟင်မှ ရှာဖွေ ခြင်းများ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
source>>www.moi.gov.mm
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment