မန်ချက်စတာ၊ အောက်တိုဘာ ၁၄။ ။မန်ယူနည်းပြဟောင်းဖာဂူဆန်က အသင်းအနေဖြင့် တန်ဖိုးကြီးကစားသမားအင်အားဖြည့်တင်းမှုများ ထပ်မံပြုလုပ်ရန်လို သည်ဟု ပြောကြားလိုက်သည်။ဖာဂူဆန်သည် ၂၀၁၃ တွင်မန်ယူအသင်းမှအနားယူသွားခဲ့ပြီး နည်းပြရာထူးဆက်ခံသူအဖြစ် ၎င်းကိုယ်တိုင်ရွေးချယ်ပေးခဲ့သော မိုယက်စ်မှာ အောင်မြင်မှုမရဘဲ ပရီးမီးယားလိဂ်အဆင့်၇ နေရာသာရအောင်စွမ်းဆောင်နိုင်သဖြင့်ထုတ်ပယ်ခံခဲ့ရသည်။ရာသီသစ်တွင်မန်ယူအသင်းသည်ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၅၉ ဒသမ ၇ သန်းဖြင့်ခေါ်ယူသော ဒီမာရီယာအပါအ၀င် ကစားသမား ခြောက်ဦး ကို ပေါင်သန်း ၁၅၀ အကုန်ကျခံကာ ခေါ်ယူအားဖြည့်ထားသည်။
"ကစားသမားအင်အားဖြည့်တာ တကယ်ပဲအရေးကြီးပါတယ်။ ဘာကြောင့် လည်းဆိုတော့ မန်ချက်စတာယူနိုက်တက်မှာအရည်အသွေးလိုတယ်။အကောင်းဆုံး ကစားသမား တွေလိုအပ်တယ်"ဟု အစချီပြီးဖာဂူဆန်က မန်ယူရုပ်သံနှင့် အင်တာဗျူး တွင်ပြောသည်။ "ဂါရတ်ဘေးလ် အတွက်ပေးရတဲ့ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းဆိုတာက ဒီနေ့ဘောလုံးပြိုင်ပွဲ တွေသွားနေတဲ့ နည်လမ်းပုံစံဖြစ်လာပါပြီ။ မန်ယူအသင်းလည်းဒီလိုစွမ်းဆောင်ရည်ကောင်းတဲ့ကစားသမားတွေလိုအပ် ပါတယ်။ အဲဒီလိုဖြည့် တင်းနိုင်ဖို့လည်း သူတို့မှာ အရင်းမြစ်တွေရှိနေပါတယ်။ အဲဒီလိုပြောင်းရွှေ့ကြေးမျိုးကို ကျွန်တော် ဘယ်တုန်းကမှ အသုံး မပြုနိုင်ခဲ့ပေမယ့် လည်း ယူနိုက်တက်အနေနဲ့ ဒီနှစ်မှာ အတော်လေးအင်အားဖြည့်တင်းဖို့ လိုအပ်နေခဲ့ပါတယ်"ဟု မန်ယူအသင်းကို ကိုင်တွယ်သည့် ၂၆ နှစ်တာကာလအတွင်း ဆု ဖလား ၃၈ လုံးရယူနိုင်ခဲ့သည့် အသက် ၇၂ နှစ်အရွယ် ဖာဂူဆန်ကပြောသည်။
နွေရာသီအ ပြောင်းအရွှေ့ကာလအတွင်း ငယ်မွေးခြံပေါက် ကစားသမား ၀ဲလ်ဘတ်ကို အာဆင်နယ် အသင်းထံ ပေါင် ၁၆ သန်းဖြင့် ရောင်းချလိုက်ခြင်းကြောင့် အသင်းလူငယ်ပေါ်လစီကို မျက်ကွယ်ပြုသည်ဟုဆိုကာ ဝေဖန်မှုများထွက်ပေါ်ခဲ့သေးသည်။ သို့သော်နည်းပြသစ် ဗန်ဟားလ်သည်ပက်ဒီမက်နဲ၊တိုင်လာဘလက် ကတ်အပါအ၀င် မန်ယူငယ်မွေးခြံပေါက်ကစားသမားအများအပြားကို ပွဲထွက်ကစားစေခဲ့သည်။
source>>http://www.mizzimaburmese.com
Tuesday, October 14, 2014
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment