နတ်မောက် အောက်တိုဘာ ၁၄
မကွေးတိုင်းဒေသကြီး
နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ရွေ့လျားအခမဲ့ဆေးကုသခြင်း ကိုယမန်နေ့က
တခွန်တိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင်
ဆေးကုသခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့သည်။ အဆိုပါ
ဆေးကုသရေးအဖွဲ့မြို့နယ်ပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆရာဝန် ဒေါက်တာအောင်ကျော်သူ၊
သူနာပြုဆရာမများနှင့် ဝန်ထမ်းများက ဒေသခံပြည်သူ ၁၅၀ ဦးခန့်တို့အား
အခမဲ့ဆေးကုသမှုများ ဆောင်ရွက်ပေး ခဲ့ကြောင်းနှင့်
ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား
ဆက်လက်တိုးမြှင့် ဆောင်ရွက်ပေး သွားမည်ဖြစ် ကြောင်းသိရသည်။
လှဝင်း

0 comments:
Post a Comment