Thursday, October 9, 2014






မကွေး   အောက်တိုဘာ   ၉
    မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာရှင်များ၏ (၁၉)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲကို ယနေ့နေ့လည် (၁း၀၀)နာရီအချိန်က မကွေးမြသလွန်စေတီတော်တွင် ကျင်းပပြုလုပ်သည်။
    အခမ်းအနားတွင် မကွေးမြို့ ရာဇမုနိတောင်ပေါ်ကျောင်းတိုက် ၊ ပဓာနနာယက၊ နိုင်ငံတော်သြ၀ါဒစရိယ ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကေလာသထံမှ ငါးပါးသီလခံယူဆောက် တည်ကြပြီး ဆရာတော်၊ သံဃာတော်များထံမှ ပရိတ်တရားတော်များကိုနာယူကြပါသည်။ ဆက်လက်ပြီး မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စေတနာရှင်များက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပါသည်။
    တိုင်းဒေသကြီးသာသနာရေးမှူးမှ လှူဖွယ်ပစ္စည်းများနှင့် လှူဒါန်းသည့်တန်ဖိုးစုစုပေါင်းစာရင်းအား အလှူရှင်များ စေတနာသဒ္ဓါတရားပွားများစေရေး ဖတ်ကြားကြော်ငြာပေးပါသည်။
    ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အမှူးပြုသော ဌာနဆိုင်ရာများ စေတနာရှင်ပြည်သူများ က ဘုရားအမှူးပြုသော မကွေးမြို့ပေါ်ကျောင်းတိုက်များမှ သံဃာတော် (၉၄)ပါးတို့အား ဆွမ်းဆန်နှင့် လှူဖွယ် ပစ္စည်းများအား လောင်းလှူကြပါသည်။ လှူဒါန်းသော လှူဖွယ်ပစ္စည်းများ၏ စုစုပေါင်းတန်ဖိုးမှာ ကျပ်၁၆၁,၇၄,၃၄၅ိ/ဖြစ်ကြောင်းသိရသည်။

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video