ထိုသို့ဝင်ရောက်ရှာဖွေခဲ့ရာ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်နေသူ ပြည်မြို့၊ အမှတ် (၁) ရပ်နေ မစံပယ် (၂၀)နှစ်၊ ပြည်မြို့၊ ရွှေလက်လှရပ်နေ မနွယ်လေး (ခ)ကေခိုင်(၂၃)နှစ် ပြည်မြို့၊ ခေတ္တရာမြို့သစ် ရပ်နေ မမိုးသီတာ(ခ)ချင်းမ(၂၃) နှစ် တို့ ၃ ဦး နှင့် ပြည့်တန်ဆာလုပ်ငန်းမှရရှိသည့်ငွေအား စီးပွားဖြစ် လုပ်ကိုင်ခဲ့သူ တင့်ဇော်မိုးတို့အား ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့မရဲစခန်း (ပ) ၃၄၅/၂၀၁၄၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃(က)/၈(၁)/၅(၁) တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။

0 comments:
Post a Comment