ပွင့်ဖြူ အောက်တိုဘာ ၁၃
မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်တွင် မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီတို့ပူးပေါင်းဖွင့်လှစ်သော ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်ပွဲကို ပွင့်ဖြူအထကအစည်းအဝေးခန်းမတွင် အောက်တိုဘာလ(၁၁)ရက်နေ့က ကျင်းပခဲ့ရာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေကအမှာစကားပြောကြားပြီး တိုင်းလူမှုဝန်ထမ်းမှ လက်ထောက်ဦးစီးမှူးဦးသစ္စာ ကသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားသည်။
အခမ်းအနားသို့ မြို့နယ်ပညာရေးမှ မူလတန်းကျောင်းအုပ် ဆရာ/ဆရာမ(၅၀)ဦးတက်ရောက်ပြီး သင်တန်းကာလမှာ(၂)ရက်ကြား ဖွင့်လှစ်သွားမည်ဖြစ်သည်။ယခုလိုသင်တန်း ဖွင့်လှစ်ရခြင်းဖြင့် ကလေး သူငယ်များ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ ကျယ်ပြန့်စွာသိရှိလာပြီး မိဘဆရာကျောင်းသား ပူးပေါင်း ခြင်းဖြင့် ကလေးသူငယ်ဆိုင်ရာ ဥပဒေများကိုကျယ်ပြန့်စွာ သိရှိလာမည်ဖြစ်ကြောင်း သင်တန်းနည်းပြတစ်ဦးက ပြောကြားကြောင်းသိရသည်။
မေသန္တာအောင်
Tuesday, October 14, 2014
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment