Tuesday, October 14, 2014

အောင်လံ  အောက်တိုဘာ ၁၄
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၌ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စက်မှု့သီးနှံ ဖွံ့ဖြိုးရေးဥိးစီးဌာန ၀ါနှင့် ပိုးချည် ပညာပေးရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဌာနခွဲ အောင်လံ ၀ါသုတေသနနှင့် မျိုးသန့်ခြံ၏ ၂၀၁၄-၂၀၁၅ ၀ါသီးနှံ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်နှင့် သုတေသန စမ်းသပ်ကွက်များ စိုက်ပျိုးထားရှိမှု့ တောင်သူပညာပေး ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်  (၀၉း၀၀) နာရီက အောင်လံမြို့ ၀ါသုတေသန နှင့် မျိုးသန့်ခြံတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အောင်လံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်  တက်ရောက်အမှာစကားပြော  ကြားပေးခဲ့ပြိး အောင်လံမြို့ဝါသုတေသနနှင့်မျိုးသန့်ခြံတာဝန်ခံ ဒေါ်မာမာဦးက သိပ္ဘံနည်းကျ စိုက်ပျိုးနည်း စနစ်နှင့် သုတေသန စမ်းသပ်ကွက်များ စိုက်ပျိုးထားရှိမှု့ကွင်းသရုပ် ပြပွဲအကြောင်းကို  ဆွေးနွေး ခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့်ဝါစိုက်တောင်သူများ သိလိုသည်များ မေးမြန်းရာ ဌာနမှ တာဝန်ရှိသူများက  ပြန်လည်ဖြေကြားပေးခဲ့ပြီး  ယင်းအခမ်းအနားတွင် တက်ရောက်လာသူများမှ သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်နှင့် သုတေသနစမ်းသပ်ကွက်များ စိုက်ပျိုးထားရှိမှု့အခြေအနေကို ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။ဇော်ထက်

0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video