Tuesday, October 7, 2014
1:47 PM
မကွေးသတင်းစုံ
NEWS, Regional News
No comments
မကွေး အောက်တိုဘာ ၎
မကွေးတိုင်းပြည်သူ့ဆေးရုံကြီးအား ဆည်မြောင်းဦးစီးဌာနရှိ မကွေးတိုင်းဒေသကြီး ဆည်မြောင်း ဦးစီးဌာန(ထိန်းသိမ်းရေးရုံး)၊ တည်ဆောက်ရေး-၃၊ တည်ဆောက်ရေး-၈၊ စက်မှုတိုင်း-၃နှင့် ရေအားလျှပ်စစ်ရုံး တို့မှ ညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ ဦးစီးပြီး ၀န်ထမ်း(၁၁၀)ဦး တို့သည် ဆေးရုံအတွင်းအပြင်တို့တွင် ပေါက်ရောက်နေသည့် ခြုံနွယ်ပိတ်ပေါင်းများနှင့် အမှိုက်သရိုက်များအားရှင်းလင်း ပေးခြင်း၊ ရေနုတ်မြောင်းများအားအမှိုက်များပြန်လည်ဆည်ယူရှင်းလင်းပေးခြင်းများကို ယနေ့နံနက်(၀၇း၀၀) နာရီအချိန်က စုပေါင်းလုပ်ဆောင်ပေးကြပါသည်။
ယင်းနောက်မကွေးတိုင်းပြည်သူ့ဆေးရုံကြီးမှ ထွက်ရှိလာသော အမှိုက်များအား ဆည်မြောင်းဦးစီး ဌာနမှ မော်တော်ယာဉ်ကြီးများဖြင့် မြို့ပြင် အမှိုက်စွန့်ပစ်ရာနေရာများသို့ စနစ်တကျသွားရောက်စွန့်ပစ် ပေးခဲ့ကြကြောင်းသိရသည်။
ခင်မာလာ(မကွေး)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment