၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃၀ ရက်နေ့
ညနေ ၃ နာရီမှ ၄ နာရီခန့်အထိ မကွေးတိုင်းဒေသကြီး စည်းရုံးရေးကော်မတီ ဥက္ကဌ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး
ရဲမှူးကြီး ခင်ဇော် ဦးစီး၍ ရဲအကူတပ်ဖွဲ့ခွဲဝန်းရှိ "ရဲဇာနည်ခန်းမ"၌ ၂၀၁၉
ခုနှစ်၊ သြဂုတ်လ အတွက် ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်ခဲ့ရာ ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး
ရဲမှူးကြီး ခင်မောင်လတ်၊ ဦးစီး(ပ) (ဦး/ရေး/ထောက်)၊ ရဲအကူတပ်ဖွဲ့ခွဲမှူး၊
ရဲမှူး(မှုခင်းမှတ်တမ်း)၊ ရဲမှူး(ရေး/ထောက်)၊ ဒုရဲမှူး(ဦးစီး)၊ ဒုရဲမှူး (ရေး/ ထောက်)၊
အရာရှိ၊ အခြားအဆင့်၊ စာရေးဝန်ထမ်း(၉၆)ဦး၊ မိသားစုဝင်(၃၆)ဦး၊ စုစုပေါင်း (၁၃၂)ဦးတို့
တက်ရောက်ခဲ့ပြီး ရဲမှူးကြီး ခင်ဇော်မှ တပ်ဖွဲ့ဝင်/မိသားစုများအား မိမိတို့၏ ၀င်ငွေ
နှင့် ထွက်ငွေ မျှတစွာသုံးစွဲရန်၊ အခက်အခဲများကို ပွင့်ပွင့်လင်းလင်းတင်ပြရန်၊
စုပေါင်းသန့်ရှင်း ရေးနှင့် မိသားစု တပိုင်တနိုင် စိုက်ပျိုးမွေးမြူရေး
ဆောင်ရွက်ထားကြရန် စသည်တို့အား မှာကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ဦး/ရေး/ထောက်ဌာနစိတ်များနှင့်
ရဲအကူတပ်ဖွဲ့ခွဲ တို့မှ ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွက် တာဝန်ထမ်းဆောင်မှု အကောင်းဆုံးဝန်ထမ်းဆုအဖြစ် ရဲမှူးကြီး ခင်ဇော်မှ ဦးစီးဌာနစိတ်များ၏ အကောင်းဆုံး
ဝန်ထမ်း(၁)ဦး၊ ရေးဌာနစိတ်များ၏ အကောင်းဆုံးဝန်ထမ်း(၁)ဦးတို့အား ဆုချီးမြှင့်ခြင်း၊
ဒုတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ ထောက် ဌာနစိတ်များ၏ အကောင်းဆုံးဝန်ထမ်း(၁)ဦး၊ ရဲအကူတပ်ဖွဲ့ခွဲ၏
အကောင်းဆုံးဝန်ထမ်း(၂)ဦးတို့ အား ဆုချီးမြှင့်ခြင်း၊ ဦးစီး(ပ) (ဦး/ရေး/ထောက်)မှ
ဝတ်စားဆင်ယင်မှု အကောင်းဆုံး ၀န်ထမ်းဆု ရရှိသူ(၂)ဦးအား ဆုချီးမြှင့်ခြင်းများတို့ ပြုလုပ်ခဲ့ကြောင်း
သတင်းရရှိပါသည်။