၂၀၁၉
ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ ည ၁၂ နာရီခန့်တွင် အောင်လံမြို့နယ်၊ ကျောက်ပန်းတောင်း ရဲကင်းစခန်းမှူး
ဒုရဲအုပ် နေအောင်ဦးနှင့်အဖွဲ့သည် သမ္ဘူလကျေးရွာဘက်မှ အောင်လံမြို့ဘက်သို့ သစ်များသယ်ဆောင်လာကြောင်း
သတင်းအရ သစ်တောရဲတပ်ဖွဲ့မှ ရဲတပ်ကြပ် သန်းကျော်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး မျိုးကြည်ပါ(၇)ဦး၊
သက်သေ များနှင့်အတူ စောင့်ဆိုင်းနေစဉ် MDY- N/2540 HINO (၆)ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာ
ယာဉ်မှာ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ
ဇွန်လ ၂ ရက်နေ့ နေ့လည် ၁၁ နာရီခွဲအချိန် ညောင်ပင်ဝိုင်းကျေးရွာ လမ်းမပေါ်တွင် တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။
ယာဉ်ပေါ်တွင်
ပိတောက်သစ်ခွဲသားဆိုဒ်စုံ(၂၇)ချောင်း၊ ကျွန်းသစ်ခွဲသားဆိုဒ်စုံ(၄၇)ချောင်းတို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့်
ယာဉ်ပေါ်ပါ အောင်လံမြို့နယ်၊ ငလောက်ကျေးရွာနေ ဇော်ထူးမောင်၊ ၂၉ နှစ်နှင့် ဖိုးဝဲ၊ ၃၆
နှစ် တို့(၂)ဦးအား ဇော်ထူးမောင်နှင့်ဖိုးဝဲ တို့(၂)ဦးအား အောင်လံမြို့နယ်၊ ရွှေပန်းတောနယ်မြေရဲစခန်း
(ပ)၃၃/၂၀၁၉၊ သစ်တောဥပဒေပုဒ်မ ၄၃(က)/ ၄၂(က) အရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment