Tuesday, June 4, 2019


၂၀၁၉ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့ နံနက် ၇ နာရီခွဲမှ ၁၀ နာရီခန့်ထိ မှုခင်းပြခန်းယာဉ်ဖြင့် မင်းတုန်းမြို့ နယ်၊ အမှတ်(၂)ရပ်ကွက်၊ ရုံးလမ်းဆုံတွင် ပြည်သူလူထုနှင့် ကျောင်းသား/သူ (၂၀၀)ဦးခန့်အား မင်းတုန်းမြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်လွင်ဖြိုးမှ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်း၊ ဒုရဲအုပ် သူရိန်မင်းမှ မူးယစ်ဆေးဝါးနှင့်ပတ်သတ်သည့် အသိပညာပေးဟောပြော ခြင်း၊ ဒုရဲအုပ် မေသဲဖြူမှ လူကုန်ကူးမှုမခံရစေရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်(၃၀၀)စောင်တို့အား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ဆက်လက်၍ နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲအချိန်ထိ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်း ကျောင်းဝန်းအတွင်း မင်းတုန်းမြို့နယ်၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ကိုကိုလှိုင်မှ မှုခင်းပညာပေး လှည့်လည်ဟောပြောရခြင်း၏ ရည်ရွယ်ချက် ပြောကြားခြင်း၊ မင်းတုန်းမြို့မရဲစခန်းမှူး ဒုရဲမှူး စိန်သောင်းမှ သက်ငယ်မုဒိမ်းမှုနှင့် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ပြစ်မှု/ပြစ်ဒဏ်များ အကြောင်းဟောပြောခြင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးသန့်ဇင်အောင်မှ ဥပဒေအကြောင်းအရာနှင့် ပြစ်မှု/ပြစ်ဒဏ်များအကြောင်း ဟောပြောခြင်း၊ ဒေါက်တာ ကျော်မျိုးနိုင်မှ ကျန်းမာရေးနှင့် ပတ်သတ်သည့် သိကောင်းစရာများ ဟောပြောခြင်း၊ မြို့နယ်ထွေ/အုပ် ဒုဦးစီးမှူး ဦးမျိုးမင်းထွန်းမှ ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းများနှင့် လက်ကမ်းစာစောင်များ ကျောင်းသား/သူ (၅၀၀)ဦးခန့်အား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ 
ဆက်လက်၍ နေ့လည် ၂ နာရီမှ ၃ နာရီထိ မင်းတုန်းမြို့နယ်၊ မြောက်ပြင်ရဲကင်းစခန်းမှူး ဒုရဲအုပ် မြတ်သိန်းထိုက် ဦးစီးတပ်ဖွဲ့ဝင်များသည် မဲဇလီကျေးရွာ၊ အလယ်တန်းကျောင်းဝန်းအတွင်းတွင် ကျောင်းသား/သူ(၈၀)ဦးခန့်အား ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုမခံရစေရေးတို့အား ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 










0 comments:

Post a Comment

Find Us on Facebook

Popular Posts

Video