Saturday, September 29, 2018


၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မင်းဘူးမမစမှ န/ထ ခေါင်းဆောင် ဒုရဲအုပ် ကျော်ငြိမ်းသည် မင်းဘူးခရိုင်၊ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း လူနာဆောင်များ၌ မကြာခဏဖုန်းများ ပျောက်ဆုံးနေသဖြင့် သက်သေများနှင့်အတူ ဆေးရုံကြီးဝန်းအတွင်း လူဝင်/ထွက် များအား စောင့်ကြည့် သတင်းရယူနေစဉ် မသင်္ကာဖွယ်လူတစ်ဦးအား တွေ့ရှိရသဖြင့် စစ်ဆေးရာ စလင်းမြို့နယ်၊ သနပ်ကုန်းကျေးရွာနေ မြို့သောင်း၊ ၆၃နှစ်၊ (ဖ) ဦးငြိမ်း ဖြစ်ကြောင်းနှင့် ၎င်းလွယ်ထား သော လွယ်အိတ် အတွင်းမှ Colpat အနက်ရောင်ဟန်းဆက် (၁)လုံး၊ တန်ဘိုး ၁၂၀၀၀၀ိ/- အား တွေ့ရှိရသဖြင့် မေးမြန်းရာ မင်းဘူးဆေးရုံကြီး၊ ဧည့်ကြိုရေးကောင်တာမှ အားသွင်းထားသော ဖုန်းအား ခိုးယူလာကြောင်း စစ်ဆေး သိရှိရ၍ မြို့သောင်း အား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၁၂၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ ကျင့် ၅၄  အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ကြောင်း သတင်းရရှိပါ သည်။


၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၅ မိနစ်ခန့်တွင် ပခုက္ကူခရိုင်၊ ခရိုင်မှုခင်းနှိမ်နင်းရေးဌာန စိတ် မှ ရဲအုပ် မျိုးလွင်၊ နယ်ထိန်းအရာရှိ ရဲအုပ် သိန်းဌေးနှင့်အဖွဲ့တို့သည် သက်သေများနှင့်အတူ ညဥ့်နက် လှည့်ကင်း ဆောင်ရွက်နေစဉ် ပခုက္ကူမြို့၊ အမှတ်(၆)ရပ်ကွက်၊ မြိုင်သာယာကွက်သစ်၊  မဲဇလီတန်းလမ်း တွင် အမျိုးသား(၁)ဦးအား တွေ့ရှိရ၍ စစ်ဆေးမေးမြန်းခဲ့ရာ ပခန်းကြီးနယ်မြေရဲစခန်း (ပ) ၆၀/၂၀၁၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/ ကျင့် ၅၁၂ အမှုမှ တရားခံပြေး ပခုက္ကူမြို့၊ အမှတ်(၃)၊ ကွက်သစ်ရပ်နေ ငြိမ်းဖြိုးအောင်(ခ) မဲလုံး(ခ) အငယ်ကောင်၊ (၂၂) နှစ်၊ (ဘ) ဦးခင်မောင်ရွှေ(ခ) ဦးကျောက်မဲဖြစ်ကြောင်း စစ်ဆေးသိရှိရ၍ ပခုက္ကူမြို့မရဲစခန်းသို့ ခေါ်ဆောင်လာပြီး ပခန်းကြီးနယ်မြေ ရဲစခန်း ဆက်သွယ်ထား ရှိကြောင်း သတင်းရရှိပါသည်။ 


၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် မင်းဘူးမြို့မရဲစခန်းမှ ရဲတက ဇေယျာထွန်း နှင့်အဖွဲ့သည် သက်သေများနှင့်အတူ မင်းဘူးမြို့နယ်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်းဝရမ်း အမှတ် (၁၈/၂၀၁၈)ဖြင့် မင်းဘူးမြို့၊ အမှတ်(၄)ရပ်ကွက်နေ မခိုင်ခိုင်သက်၊ ၃၆ နှစ်၊ (ဖ) ဦးသြမောင် ၏ နေအိမ်တွင် ဖဲရိုက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ၀င်ရောက်ရှာဖွေရာ နေအိမ်အောက်ထပ် ခုတင်ပေါ်တွင် မခိုင်ခိုင်သက်၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နေ မခက်ဇင်အောင်၊ ၃၁ နှစ်၊ (ဖ)ဦးဇော်ဝင်း၊ မင်းဘူးမြို့၊ အမှတ်(၄) သီရိမင်္ဂလာရပ်နေ မမြတ်မြတ်သင်း၊ ၄၀ နှစ်၊ (ဖ) ဦးမြလှိုင်နှင့် တစ်ရပ်ကွက်တည်းနေ မမာမာထွေး၊ ၄၁ နှစ်၊ (ဖ) ဦးစံသောင်းတို့ (၄)ဦး အား ဖဲရိုက်လာင်းကစားနေသည်ကို တွေ့ရှိရပြီး ဖဲရိုက် အလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့် လောင်းကြေးငွေစက္ကူရောရာ ၁၈၅၁၀၀ိ/- တို့အား ရှာဖွေတွေ့ရှိ ဖမ်းဆီးရမိခဲ့၍ မခိုင်ခိုင်သက်ပါ (၄)ဦးတို့အား မင်းဘူးမြို့နယ်၊ မြို့မရဲစခန်း (ပ) ၁၁၂၃/၂၀၁၈၊ လောင်းကစားဥပဒေ ပုဒ်မ ၁၃(က)/ ၁၄(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ကြောင်း သတင်းရရှိပါသည်။


၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့ နေ့လည် ၃ နာရီ ၃၀ မိနစ်အချိန်တွင် မကွေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ် အေးမင်းထွန်း နှင့်အဖွဲ့သည် တရားမ၀င်နှစ်လုံးထီ ရောင်းချနေကြောင်း သတင်းအရ သက်သေများနှင့် အတူ မကွေးခရိုင်ရဲတပ်ဖွဲ့မှူး၏ လောင်းကစားဖမ်း ၀ရမ်းအမှတ်(၁၁/၂၀၁၈) ဖြင့် မကွေးမြို့နယ်၊ ကံပြား အရှေ့ကျေးရွာနေ သောင်းကျော်ဌေး (ခ) ဗျိုင်းကြီး၊ ၃၈နှစ်၊ (ဖ)ဦးတာလီ ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများနှင့် လောင်းကြေးငွေစက္ကူရောရာ ၂၂၁၁၅၀ိ/- အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့၍ သောင်းကျော်ဌေး (ခ) ဗျိုင်းကြီး အား မကွေးမြို့နယ်၊ မကွေး နယ်မြေရဲစခန်း (ပ) ၅၂၇/၂၀၁၈၊ လောင်းကစားဥပဒေပုဒ်မ ၁၅(က)/ ၁၆(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ကြောင်း သတင်းရရှိပါသည်။
 


၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်ဇော်နှင့်ဇနီး ဒေါ်ရီရီမြင့်တို့မှ ဦးဆောင်၍ မကွေးမြို့၊ အမှတ်(၄) ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှ ဒုတပ်ဖွဲ့ခွဲမှူး၊ မှုခင်းရဲတပ်ဖွဲ့ (မကွေး)မှ တပ်ဖွဲ့စုမှူး၊ သတင်းရဲတပ်ဖွဲ့ (မကွေး)မှ ဒုတပ်ဖွဲ့ခွဲမှူး တို့ပါဝင်သော တပ်ဖွဲ့များမှစုပေါင်း၍ ရာဇမုနိဘုန်းတော်ကြီးကျောင်းသို့ ဆန်(၂)အိတ်၊ ဆီ(၅) ပိဿာ၊ တန်ဘိုး(၁၀၆၅၀၀ိ/-) အားလည်းကောင်း၊ အောင်မြေရတနာ ဘုန်းတော်ကြီးကျောင်းသို့ ဆန်(၅) အိတ်၊ ဆီ(၁၀) ပိဿာ၊ တန်ဘိုး (၁၈၀၀၀၀ိ/-) အားလည်းကောင်း၊ ပုည၀တီဘုန်းတော်ကြီးကျောင်း သို့ ဆန် (၃) အိတ်၊ ဆီ (၁၀) ပိဿာ၊ တန်ဘိုး (၁၅၀၀၀၀ိ/-) အားလည်းကောင်း ဆရာဒကာ လှူဒါန်းမှုအဖြစ် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။




Find Us on Facebook

Popular Posts

Video