မကွေး ၊ ဇူလိုင် ၁၉
၂၀၁၈ ခုနှစ်
ဇူလိုင်လ ၁၉ ရက်နေ့ တွင် ကျင်းပပြုလုပ်သည့်(၇၁)နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားအား
၀၈၀၀ အချိနှ် မကွေးမြို့၊ ဆားရွှေကင်းရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီး ကြေးရုပ် ပန်းခြံအတွင်း
ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်
ဒေါက်တာအောင်မိုးညို၊ လွှတ်တော် ဥက္ကဌ ဦးတာ၊ လုံခြုံ/နယ်စပ် ၀န်ကြီး ဗိုလ်မှူးကြီး
မင်းဦး၊ တရားသူကြီးချုပ် ဦးစိန်ထွန်း၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ဥပဒေချုပ်၊
ဦးဆန်းလင်း၊ စာရင်းစစ်ချုပ် ဦးလှသန်း၊ မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူး
ရဲမှူးကြီး ခင်မောင်အေးနှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊
ပါတီပေါင်းစုံမှ ပါတီဝင်များ၊ မကွေးမြို့ပေါ်ရှိ တက္ကသိုလ်/ကောလိပ် ပညာရေး ကျောင်းများမှ
ဆရာ/မ များနှင့် ကျောင်းသား/သူများ၊ ရပ်ကွက်အသီးသီးမှပြည်သူများ စုစုပေါင်း အင်အား(၂၀၀၀)ဦးခန့်
တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ဂုဏ်ပြုတပ်ဖွဲ့မှ နိုင်ငံတော် အလံအား အလေးပြုခြင်း၊
လွမ်းသူ ပန်းခွေ ချခြင်းတို့ပြုလုပ်ခဲ့ပြီး အခမ်းအနားအား ၀၉၀၀ အချိန် ပြီးဆုံးခဲ့ ကြောင်း
သတင်းရရှိပါသည်။