Monday, June 26, 2017

မကွေး၊ ဇွန် ၂၆

၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် မကွေးခရိုင်၊ မကွေးမြို့၊ ပြည်တော်သာ ရပ်ကွက်၊ အထက(၁) လမ်းရှိ အဆင့်မြင့် မြို့တော်ခန်းမတွင် အကြိမ်(၃၀) မြောက် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတာ၊ တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ် စပ်ရေးရာဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးကြီး နိုင်ဦးနှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်နှင့် တိုင်းဒေ သကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထား သည့်ဧည့်သည်တော်များ၊ ဆုရရှိသူများ၊ ဆရာ/ မများ၊ ကျောင်းသား/သူများ၊ သူနာပြုများ၊ လူမှုရေး အသင်းအဖွဲ့များ စုစုပေါင်းအင်အား (၄၈၀) ဦး ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။ 

အခမ်းအနားတွင် ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုမှ မိန့်ခွန်းပြောကြားခြင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး နိုင်ဦးမှ မူးယစ်ဆေးဝါးနှုင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် ကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ် ချုပ်ကြီး ကျော်ဆွေ ထံမှ ပေးပို့သည့် သ၀ဏ်လွှာအား ဖတ်ကြားခြင်း၊ ၀န်ကြီးချုပ်မှ ဗဟိုအဆင့် ဓါတ်ပုံ၊ ဆောင်းပါး၊ ကဗျာပြိုင်ပွဲ အထူးဆုရရှိသူ (၃)ဦးအား ဆုချီးမြှင့်ခြင်း၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ၊ တရားသူကြီးချုပ် ၊ လွှတ်တော်ဒုဥက္ကဌ ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေ သကြီး မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဌ နှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးတို့မှ အခြေခံပညာ (ထက်/ လယ်/မူ)အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲဆုရ ကျောင်းသား/သူ (၃၃)ဦးအား ဆုများ အသီးသီးချီးမြှင့်ခြင်း၊ ၀န်ကြီးချုပ် နှင့် တက်ရောက်လာသူများမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများနှင့် ပတ်သက်၍ ခင်းကျင်းပြသထားသည့်ပြခန်းအား လှည့်လည်ကြည့်ရှုခြင်းများ ပြုလုပ်ခဲ့ပြီး မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန် အခမ်းအနားပြီးဆုံးခဲ့ကြောင်း သတင်းရရှိသည်။

















Saturday, June 3, 2017


မကွေး၊ ဇွန် ၃
၂၀၁၇ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် မကွေးမြို့၊ ရန်ကင်းရပ်ကွက်နေ ဦးနေလင်းအောင်(၄၇)နှစ်သည် ကုန်ကြွေးရရှိသည့်ငွေ (၁၆၈) သိန်း၊ လက်ကျန်ငွေ (၅၈၁,၀၀၀ိ/-)၊ ပေါင်း ၁၇,၃၈၀,၀၀၀ိ/- အား နေအိမ်ဘုရားခန်းမြောက်ဘက်အခန်း အတွင်းရှိ သံသေတ္တာအစိမ်း ရောင်ထဲသို့ ပွဲရုံစာရေး ဦးတင်မောင်စန်း (၄၇)နှစ်၊ အောင်မေတ္တာ(ဃ)ရပ်ကွက်နေသူအား ယုံကြည် စွာဖြင့် ထည့်ခိုင်း ခဲ့ကြောင်း၊ ဇွန်လ ၃ ရက်နေ့ နံနက် ၄ နာရီအချိန် ဦးနေလင်းအောင်သည် တန် (၃၀) ဆီစက်၌ရှိနေစဉ် သမီးဖြစ်သူ မအိခင်မင်းမြတ်မှ သံသေတ္တာသော့ပျက်နေကြောင်း ဖုန်းဆက် အကြောင်းကြား သဖြင့်နေအိမ်ပြန်၍စစ်ဆေးခဲ့ရာ သေတ္တာအတွင်း ထည့်ထားသည့်ငွေများ ပျောက် ဆုံးနေသည်ကိုသိရှိရ၍ ခိုးယူသွားသူ အား စုံစမ်းဖော်ထုတ်အရေးယူပေးရန် တိုင်တန်းသဖြင့် မကွေး နယ်မြေရဲစခန်း(ပ) ၃၇၅/၂၀၁၇ ၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့်အမှု ဖွင့်ပြီး ဒုရဲအုပ် အာကာလွှမ်းမိုးမှ အမှုစစ်အဖြစ် စစ်ဆေးဆောင် ရွက်ကြောင်း သိရှိရသည်။
အမှုစစ် ဒုရဲအုပ် အာကာလွှမ်းမိုးနှင့် တပ်ဖွဲ့ဝင်များသည် အခင်းဖြစ် ရပ်စစ်ဆေးခြင်း၊ နေအိမ်တွင်း နေထိုင် သူအလုပ်သမားများအား စစ်ဆေးခြင်း၊ တရားလိုမိသားစုဝင်များအား စစ်ဆေးခြင်းနှင့် ၎င်းတို့ လှုပ်ရှား သွားလာမှုများအား စောင့်ကြည့်ခြင်း၊ ပတ်ဝန်းကျင် သတင်း အရပ်ရပ်အား နယ်ထိန်း အဖွဲ့များဖြင့် စုံစမ်းထောက်လှမ်းခြင်း၊ အမာခံ သတင်းပေးများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခြင်း များဆောင်ရွက် ခဲ့ရာ ပတ်ဝန်းကျင်သတင်းစကားအတည်ပြုချက်အရ မကွေးမြို့၊ ကားကြီးဝန်းအနီးရှိ " ရွှေနန်းတော်" တည်းခိုခန်းတွင် ယင်းနေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန် လူငယ်တစ်ဦး ပုဆိုးထုပ် (၁) ထုပ်ဖြင့် လာရောက်တည်းခိုကြောင်း၊ ၎င်းလူငယ်သည် ငွေကြေးသုံးစွဲမှု များပြား သည့်အပြင် ပစ္စည်းများလည်း ၀ယ်ယူကြောင်းနှင့် ညနေ ၅ နာရီတွင် ရန်ကုန်သို့ထွက်ခွာရန် "မြရတနာ" ကားဂိတ်မှ ကားလက်မှတ် ၂ ခုံဖြတ်ထားကြောင်း အမာခံသတင်းပေးများ၏ ပြောကြားချက်အရ ရဲတပ်ဖွဲ့ဝင်များဖြင့် ကားကြီးဝန်း အနီးဝန်းကျင်၌ အသွင်ယူ စုံစမ်းထောက်လှမ်းစေခဲ့ရာ ၎င်းအား လိုက်ပို့ပေးသည့် ဆိုင်ကယ် ကယ်ရီမောင်း သူ ကိုရာဇာအား ကယ်ရီခ ၂,၀၀၀ိ/- အပြင် ၅၀,၀၀၀ိ/- တန် ဟန်းဆက် ၁ လုံးအား ၀ယ်ပေးကြောင်း သတင်းအား အတည်ပြုချက်ရယူကာ မသင်္ကာသူ တည်းခိုသည့် "ရွှေနန်းတော်" တည်းခိုခန်း အခန်းအမှတ် (၁)အတွင်းသို့ ရဲတပ်ဖွဲ့ဝင်များမှ သက်သေ များနှင့်အတူ ၀င်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။
၎င်းအခန်းတွင် တည်းခိုနေသူမှာ ဆင်ပေါင်ဝဲမြို့နယ်၊ ညံတော အင်းကျေးရွာနေ ချစ်ခိုင်(ခ) ချစ်မင်းကို၊ ၁၇ နှစ်ဖြစ်ပြီး အခန်းတွင်းရှိ အညိုရောင် ခရီးဆောင်အ၀တ်သေတ္တာဖြင့် ထည့်ထား သည့် ငွေစက္ကူရောရာ (၁၅၃) သိန်းကျပ်၊ I Phone on 7 အဖြူရောင် လက်ကိုင်ဖုန်း ၁ လုံး၊ တန်ဘိုး ၁,၀၄၀,၀၀၀ိ/- တို့နှင့်အတူတွေ့ရှိ ၍မေးမြန်းရာ လွန်ခဲ့သော ၁ နှစ်ခန့်က အခင်းဖြစ်နေအိမ် တွင် အလုပ်သမားအဖြစ်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး မိမိသဘောအလျှောက် အလုပ်ထွက်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့နံနက် ၂ နာရီအချိန်တွင် တရားလို၏ နေအိမ်တွင်း ၀င်ရောက်ကာ ငွေ (၁၆၈) သိန်းအား ခိုးယူခဲ့ကြောင်း၊ လွန်ခဲ့သော (၇) ရက်ခန့်မှ စ၍ ၀င်ရောက် ခိုးယူရန် လှည့် လည်စောင့်ကြည့်ခဲ့ကြောင်းနှင့် ငွေများထည့်ထားသည့် သေတ္တာအား ယခင်ကတည်းကသိရှိ၍ အလွယ်တကူ ခိုးမှုကျူးလွန် ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သည့်အတွက် အမှုနှင့် ဖမ်းဆီး ခဲ့ကြောင်း သတင်းရရှိပါသည်။ 
 


Find Us on Facebook

Popular Posts

Video