Wednesday, April 5, 2017

မကွေး၊ ဧပြီ ၅

၂၀၁၇ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအချိန်ထိ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အေးလွင် ဦးစီးသည့်ရဲတပ်ဖွဲ့ဝင်များသည် သောက်သုံးရေရှား ပါးသည့် ချောက်မြို့နယ်၊ ဂွေးပင်အုပ်စု၊ သံပင်(တ)ကျေးရွာနှင့် သံပင်(မ) ကျေးရွာများရှိ အိမ်ခြေ (၃၅၅)အိမ်၊ အိမ်ထောင်စု (၃၄၂)စု၊ လူဦးရေ ကျား(၈၅၂) ဦး၊ မ(၈၀၁) ဦးတို့အတွက် သောက်ရေ သန့်ဗူးကြီး (၃၀၀)နှင့် ဂါလံ (၆၆၀၀) ဆံ့ ရေသယ်ယာဉ် ၁ စီးတို့ဖြင့် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။ 

အလားတူ ယင်းနေ့ နံနက်၈ နာရီအချိန်မှ မွန်းလွဲ ၃ နာရီ အချိန်ထိ မကွေးခရိုင်၊ နတ်မောက်မြို့မ ရဲစခန်းမှူး ဒုရဲမှူး ကျော်စိုး ဦးစီးသည့်တပ်ဖွဲ့ဝင်များသည် သောက်သုံးရေ ခက်ခဲသည့် နတ်မောက် မြို့နယ်၊ ၀ါးရုံကုန်းကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာရှိ အိမ်ခြေ (၁၃၀)၊ အိမ်ထောင်စု(၁၁၂) စုလှ လူဦးရေ (၆၂၉) ဦးတို့ အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ရေဂါလံ (၃၀၀၀) ဆံ့ ရေသယ်ယာဉ် ၁ စီးဖြင့် သွားရောက်ရေလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။









Tuesday, April 4, 2017



မကွေး၊ ဧပြီ ၎
၂၀၁၇ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ နံနက် ၈နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး ထင်အောင်လင်း ဦးစီးသည့် သတင်းတပ်ဖွဲ့နှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များသည် ရေရှားပါးသည့် မင်းလှမြို့နယ် အနောက်တောင်ဘက် (၃၉)မိုင်ခန့်အကွာ ပင်္ဂကျေးရွာအုပ်စု၊ ဥသျှစ်ကုန်းကျေးရွာရှိ အိမ်ခြေ (၄၀)၊ အိမ်ထောင်စု (၆၀)  စုမှ လူဦးရေ (၂၅၀) ဦး တို့အတွက် သောက်သုံးရေဂါလံ ၁၂၀၀၀ ဂါလံ၊ စုစုပေါင်းတန်ဘိုး (၁၂၀,၀၀၀) ကျပ်ခန့်အား 4A/8243 DYNA အဖြူရောင်ရေသည်ယာဉ်ဖြင့် သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။









Find Us on Facebook

Popular Posts

Video