Tuesday, August 11, 2015
2:59 PM
မကွေးသတင်းစုံ
Local News, NEWS
No comments
မကွေး သြဂုတ် ၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စု ၀န်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းဦး၊ ဒုတိယ ၀န်ကြီးများ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မကွေးလေဆိပ်သို့ရောက်ရှိပြီးနောက် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဘုန်းမော်ရွှေနှင့်အတူ မကွေးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများဖြစ်နေသည့်
နေရာများသို့ ရဟတ်ယာဉ်ဖြင့် ကြည့်ရှုခဲ့ပါသည်။နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ပွင့်ဖြူမြို့ဝါစက်ရုံသို့ ရောက်ရှိပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ရာတွင် မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့်
ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည့် အခြေအနေ များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပါသည်။ နိုင်ငံတော်သမ္မတကကယ်ဆယ်ရေး၊ကူညီထောက်ပံ့ရေး ပြန်လည်ထူထောင်ရေး၊
ဒေသခံပြည်သူများတင်ပြသည့် လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး တို့နှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကိုရှင်းလင်း
ပြောကြားခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်သမ္မတက ဒေသခံပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်၍ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ပါသည်။ ထိုမှတဆင့်နိုင်ငံသမ္မတနှင့်အဖွဲ့ဝင်များသည် ပွင့်ဖြူမြို့ စိုက်ပျိုးရေးသိပံကျောင်း သို့ ရောက်ရှိပြီး ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့်တွေ့ဆုံကာ အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများပေး အပ်ခဲ့ပါသည်။ ဆက်လက်ပြီး ပွင့်ဖြူမြို့နယ် ဂုဏ၀တီ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိကာ သံဃာတော်များအား လှူဖွယ်ပစ္စည်များ ဆက်ကပ် လှူဒါန်းခဲ့ပါသည်။ ထိုမှတဆင့် ကြီးအုံကြီးဝရေလှောင်တမံဘက်စုံ စီမံကိန်းလုပ်ငန်းခွင်အတွင်း
ရှင်းလင်းဆောင်သို့ ရောက်ရှိစဉ် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူက ရေလှောင်တမံအတွင်း
ရေ၀င်ရောက်မှု၊ ထိန်းသိမ်းစောင့်ရှောက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ရှင်းလင်းတင်ပြမှုများအပေါ်
နိုင်ငံတော်သမ္မတက ဆည်ကြံ့ခိုင်မှုများကို မပြတ်စစ်ဆေးရန်လိုကြောင်း၊ဆည်အောက်ပိုင်းရှိ
ဒေသခံပြည်သူများသို့ ကောလာဟလ သတင်းများဖြန့်ချိနေမှု ကို သတင်းမှန်များဖြင့် ထုတ်ပြန်၍ တုံ့ပြန်ပေးရန်၊ ဆည်အတွင်းနုန်းပို့ချမှုကို လေ့လာဆန်းစစ်ရန် အခြားနိုင်ငံများ၏ အတွေ့အကြုံများကို
လေ့လာရန်လိုကြောင်း၊ ကြီးအုံကြီးဝနှင့် မုန်းချောင်းရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံမှ ရရှိသည့် လျှပ်စစ်ဓါတ်အားနှင့် မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကို အခြေခံတဲ့ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်းမှာကြားခဲ့ပါသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ကြီးအုံကြီးဝရေလှောင်တမံ၊ ရေအား လျှပ်စစ်ဓါတ် အားပေးစက်ရုံ၊ ရေပိုလွှဲနှင့်ရေလှောင်တမံအတွင်းသို့ လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည်သြဂုတ်လ(၆)ရက်နေ့တွင်မကွေးမြို့သို့ ပြန်လည်ရောက်ရှိကာ
သမိုင်းဝင် မြသလွန်စေတီတော်မြတ်ကြီးအားဆွမ်း၊ ပန်း၊ ရေချမ်း၊သစ်သီးများဆက်ကပ်လှူဒါန်းဖူးမြှော်ကြည် ညိုခဲ့ ပြီးနောက် စေတီမြတ်ကြီးအတွက် အလှူငွေများကို စေတီတော်ဂေါပကအဖွဲ့သို့ ပေးအပ်လှူဒါန်း ခဲ့သည်။ ယင်းနောက် ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်းမည့် စေတနာရှင်ပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက် ခဲ့ကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment